လူဖြစ်ရတာ လွယ်မလိုလိုနဲ့
မလွယ်ဘူး။
ကြိုက်ကြိုက်မကြိုက်ကြိုက်
လူရယ်လို့ဖြစ်လာတဲ့အခါ
ဘဝတစ်ခုရမယ်။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
ရှင်သန်ခြင်းဖြစ်စဉ်က
ဘဝပဲ။
မွေးတာနဲ့ သေတာကို
ကိုယ်ထိန်းချုပ်လို့ရချင်မှရမယ်။
ရှင်သန်ခြင်းဖြစ်စဉ် တော်တော်များများကို
ကိုယ်ထိန်းချုပ်လို့ရတယ်။
ရှင်သန်ခြင်းဖြစ်စဉ်အတွက်
ဘဝမှာ ပေးထားချက်တွေရှိတယ်။
နောက် မေးထားချက်တွေရှိတယ်။
မွေးဖွားလာတဲ့ ဇာတိ၊
ဖြစ်တည်လာတဲ့လူမျိုး၊
ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊
တွေ့ဆုံလာခဲ့တဲ့ လူတွေ၊
ဒီအခြေအနေတွေက ဘဝရဲ့ပေးထားချက်တွေပဲ။
ဘဝရဲ့ပေးထားချက်တွေကို
ပြင်ဖို့မလွယ်ဘူး။
နောက်ဘဝမှာ မေးထားချက်တွေရှိတယ်။
မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိမိကိုယ်တိုင်ရဲ့
ကျန်းမာရေး၊ အလုပ်စီးပွါး၊ အချစ်ရေး၊
ပေါင်းသင်းဆက်ဆံရေး။
ဒီရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ
အခက်အခဲနဲ့ ရုန်းကန်မှုတွေ
တစ်ခုမမဟုတ်တစ်ခု
လူတိုင်းမှာရှိတတ်ကြတယ်။
အဖြစ်အပျက်တွေ။
ဒါတွေက ဘဝရဲ့မေးထားချက်တွေပဲ။
ဘဝဆိုတာ ပေးထားချက်ထဲက
မေးထားချက်တွေကို
အဖြေရှာနိုင်မှ
နောက်တစ်ဆင့်တက်သွားမှာ။
လူတစ်ယောက်နဲ့တစ်ယောက်
ပေးထားချက်တွေမတူဘူး။
တစ်ယောက်နဲ့တစ်ယောက်
မေးထားချက်တွေမတူဘူး။
ဒါကြောင့် တစ်ချို့သူတွေရဲ့
အဖြေကို တိုက်ရိုက်ကူးချလို့မရဘူး။
အရာရာ ကိုယ့်ရဲ့ပေးထားချက်တွေကို
နက်နက်နဲနဲ
သေချာသိရှိနားလည်နိုင်ဖို့လိုတယ်။
မေးထားချက်တွေကို
ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။
ဒါတွေဖြေရှင်းဖို့
ကိုယ့်ရဲ့ အတွေးအခေါ်၊
အကြံအစည်၊
အလုပ်အကိုင်တွေကို
သေချာထိန်းကြောင်းဖို့ပြန်လိုပြန်တယ်။
Phyo Paing @ Dere