ကိုယ့်ဝင်ငွေက တစ်နှစ် 20k USD နှစ်သောင်းဆို
မြန်မာနိုင်ငံရဲ့ top 1% ထဲပါတယ်တဲ့။
တစ်နှစ် 6000 USD ဆို
top 10% ထဲပါတယ်။
ကိုယ့်ဝင်ငွေက တစ်နှစ် 80k USD ဆို
ကမ္ဘာ့ရဲ့ top 1% ထဲပါတယ်တဲ့။
(ထိုင်းမှာလဲ 80k USD ဆို top 1%
25k ဆို top 10%)
တရုတ်မှာဆို တစ်နှစ် 105K USD တစ်သိန်းငါးထောင်ဆို
တရုတ်ရဲ့ top 1% ထဲပါတယ်။
30k ဆို top 10% ထဲပါတယ်။
ယူအက်မှာဆို တစ်နှစ် 600K USD ခြောက်သိန်းဆို
ယူအက်ရဲ့ top 1% ထဲပါတယ်တဲ့။
အခွန်မဆောင်ခင် $158k ဆို top 10% တဲ့။
သူ့မှာတော့ state အလိုက်ပြန်ကွာနိုင်တယ်။
တခါတလေ ကိုယ့်ကိုကိုယ်လဲ
အရမ်းကြီးစိတ်မညစ်ပါနဲ့။
တခုရှိတာ တချို့ချမ်းသာသူတွေက
သူတို့ကိုယ်သူတို့ ဆင်းရဲတယ်လို့ထင်ကြတယ်။
ဒေတာနဲ့ပြမှ ငါမဆိုးဘာလားတဲ့။
တစ်ကမ္ဘာလုံးနဲ့ ကြည့်လို့ရနိုင်အောင်။
ရှာကြည့်ထားတာ။
Phyo Paing @ Derek