ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျတဲ့သူက
တခြားသူရဲ့ဘဝကိုလဲ
စိတ်တိုင်းကျလေ့မရှိဘူး။
ကြုံဖူးလားတော့မသိဘူး။
ကိုယ်က အရမ်းချစ်ကျွမ်းဝင်ပြီး
ကြည်နူးနေတဲ့အချိန်
လောကကြီးက သာမန်ထက်
ကြည်လင်နေတာမျိုး။
ရှူရတဲ့လေတောင် အရသာရှိနေတာမျိုး။
အသက်ရှင်ပြီးအသက်ဝင်နေတာ။
သူများကို စိတ်တိုင်းမကျတာလဲမစဥ်းစားမိဘူး။
ပိုက်ဆံမွဲနေတဲ့အချိန်ဆို
တခြားသူတွေ အလုပ်ဖြစ်နေတယ်ဆိုတာ
ဟန်ဆောင်နေသလိုမျိုး၊
ကြွားနေသလိုမျိုး၊
မကောင်းမှုပြုပြီးငွေဝင်နေသမလိုမျိုး
ခံစားရလိမ့်မယ်။
လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။
အပြင်မှာမြင်နေရတဲ့ ကမ္ဘာလောကကို
အဓိပ္ပာယ်ဖွင့်ဆိုမှုက
အတွင်းပိုင်းကလာတယ်။
Phyo Paing @ Derek