ကိုယ့်ကိုကိုယ်ပြောတဲ့စကားလုံး
သူများကိုပြောတဲ့ စကားလုံးတွေကလဲ
အင်နာဂျီစွမ်းအင်ပဲ။
ဒါက ဝဇီကံ။
ကိုယ်နေ့စဥ်လုပ်တဲ့အလုပ်တွေကလဲ
အင်နာဂျီ စွမ်းအင်တွေပဲ။
ဒါက ကာယကံ။
တခါတလေ အလုပ်ကြောင့်ပင်ပန်းတာမဟုတ်ဘူး။
အတွေးအကြောင့်ပင်ပန်းတာ။
တခါတလေ အလုပ်ကြောင့်ပင်ပန်းတာမဟုတ်ဘူး။
စကားလုံးတွေကြောင့်ပင်ပန်းတာ။
တခါတလေ အလုပ်ကြောင့်ပင်ပန်းတာမဟုတ်ဘူး။
ကိုယ်နဲ့သဟဇာတမဖြစ်တဲ့အလုပ်လုပ်နေရလို့
ပင်ပန်းတာ။
ဒီကံသုံးပါးကို တစ်သားတည်းဖြစ်ဖို့
၁။ မှန်ကန်တဲ့အမြင်
၂။ မှန်ကန်တဲ့ အတွေးအာရုံ ရည်ရွယ်ချက်
၃။ မှန်ကန်တဲ့အပြောအဆို
၄။ မှန်ကန်တဲ့ အလုပ်
၅။ မှန်ကန်တဲ့ အသက်မွေးမှု
၆။ မှန်ကန်တဲ့ အားထုတ်မှုဝိရိယ
၇။ မှန်ကန်တဲ့ သတိ
၈။ မှန်ကန်တဲ့ သမာဓိ
ဒီရှစ်ချက်နဲ့ ဘဝကိုနေထိုင်ဖို့
ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာ ဟောကြားခဲ့တယ်။
မှန်ကန်တဲ့အမြင်ဆိုတာ
ဘဝမှာ စိတ်ဆင်းရဲခြင်း၊
ကိုယ်ဆင်းရဲခြင်းတွေရှိတယ်။
ဒါက တပ်မက်မှု
ငါအစွဲကြောင့်ဖြစ်တယ်။
ဒီဒုက္ခက လွတ်မြောက်လို့ရတယ်။
ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။
ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။
ဒါကိုနားလည်နှလုံးသွင်းနိုင်တာကို
မှန်ကန်တဲ့အမြင်လို့ခေါ်တယ်။
မှန်ကန်တဲ့ရည်ရွယ်ချက်ဆိုတာ
တခြားသူတွေကို ဒုက္ခရောက်အောင်
မကြံစည်ပဲ မေတ္တာဂရုဏာထားခြင်းနဲ့
ဘဝကိုနေထိုင်တာကိုဆိုလိုတယ်။
မှန်ကန်တဲ့ အပြောအဆိုဆိုတာ
ကိုယ့်ကြောင့် သူတပါးဒုက္ခရောက်စေတဲ့စကားကို
ရှောင်ကျဥ်ခြင်း။
လိမ်လည်လှည့်ဖြားခြင်းကိုရှောင်ကျဥ်တာ။
မှန်ကန်တဲ့အလုပ်ဆိုတာ
မခိုးမဝှက်၊ သူတပါးအသက်ကိုမသတ်၊
မလိမ်မညာ၊ ဆင်ခြင်ဥာဏ်နည်းစေတဲ့
မူးယစ်စေတဲ့အရာကိုရှောင်ကျဥ်၊
သူတပါးကို ဒုက္ခရောက်စေတဲ့အလုပ်တွေနဲ့
သွယ်ဖယ်တဲ့အလုပ်တွေကိုလုပ်တာ။
မှန်ကန်တဲ့ အသက်မွေးမှုဆိုတာ
သူတပါးဘဝတွေကိုဖျက်စီးပြီး
စီးပွားရှာတာမဟုတ်ပဲ
သမာအာဇီဝကျကျအသက်မွေးတာ။
မှန်ကန်တဲ့ အားထုတ်မှုဝိရိယဆိုတာ
ဘူစိတ်တွေကိုရှောင်တာ။
မကောင်းမွန်တဲ့ စေတသိတ်တွေဖြစ်တဲ့
ဒေါသ၊ လောဘ၊ မောဟ၊ အတ္တ၊ မာန
မနာလိုစိတ် တွေကိုရှောင်တာ။
ကောင်းမွန်တဲ့ လောကဓံရှစ်ပါးကို
ဥပက္ခာတရားနဲ့ မတုန်မလှုပ်ဖြတ်ကျော်တာ။
မှန်ကန်တဲ့ သတိဆိုတာ
ကိုယ့်ရဲ့ခန္ဓာကိုယ်၊ အတွေး၊ ခံစားချက်၊
လှုပ်ရှားမှုတွေရဲ့အပြောင်းအလဲကို
သိနေတာ။
ဘဝကို သတိရှိရှိနေထိုင်တာ။
မှန်ကန်တဲ့ သမာဓိဆိုတာ
တရားထိုင်ခြင်း၊ စိတ်အလေ့အကျင့်ကြောင့်
အရာတစ်ခုတည်းကို
နက်နက်နဲနဲ အာရုံစူးစိုက်နိုင်တာ။
ဒီလိုအာရုံစိုက်နိုင်တဲ့အတွက်
နက်နက်နဲနဲ ထိုးထွင်းသိမြင်တာ။
ဘဝမှာ အသက်ရှင်ပြီး
အသက်ဝင်ဖို့
ဗုဒ္ဓက လမ်းညွှန် roadmap တွေပေးခဲ့တယ်။
သူ့ရဲ့အနှစ်သာရကိုနားလည်ကျင့်သုံးနိုင်ရင်
ကျင့်သုံးနိုင်သလောက်
ဘဝက အေးချမ်းလာလိမ့်မယ်။
နောက်ဆုံးလောကီမှာ
လောကီရဲ့ စိတ်ဆင်းရဲမှုက
လွတ်မြောက်နိုင်သလို
ကိုယ်ဆင်းရဲကိုလဲအထိုက်အလျောက်
လျော့ချပေးနိုင်လိမ့်မယ်။
လောကုတ္တရာအတွက်လဲ
အများကြီးအထောက်အကူပြုလိမ့်မယ်လို့
ယူဆတယ်။
ဒါကတော့ အားလုံးသိပြီးသား
အခြေခံ အချက်တွေပေါ့။
ကိုယ့်အတွက်ကိုယ်အသိပေးရင်း
အားတီအားမေတို့အတွက်
မျှဝေလိုက်ပါတယ်။
Phyo Paing @ Derek