စွမ်းဆောင်ရည်မြင့်ချင်ရင်
သမာဓိလိုတယ်။
စိတ်အေးချမ်းချင်ရင်
သမာဓိလိုတယ်။
သမာဓိဆိုတာ တည်ငြိမ်ပြီး
တစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။
ဒီနေ့ခေတ် ပြောနေကြတဲ့
deep work ဆိုတာလုပ်ဖို့
အဖြေက သမာဓိပါပဲ။
အလုပ်တစ်ခုကို
နှစ်နာရီ၊ သုံးနာရီလောက်
အာရုံမစူးစိုက်နိုင်ပဲ
စွမ်းဆောင်ရည်မြင့်ဖို့ခက်ပါတယ်။
ကိုယ့်လုပ်ငန်း၊
ကိုယ့်ဘဝအတွက်
အာရုံစူးစိုက်မှု သမာဓိမရှိရင်
လေတိုက်ရာလွင့်နေမိမှာပဲ။
သမာဓိ (concentration) ကောင်းဖို့
သတိ (mindfulness) နဲ့စတင်တယ်။
ဒီလိုလုပ်ဖို့ အားထုတ်မှု (effort) လိုတယ်။
ဒါကို ဗုဒ္ဓက
သမ္မာဝါယာမ (မှန်ကန်တဲ့အားထုတ်မှု)
သမ္မာသတိ (မှန်ကန်တဲ့သတိ)
သမ္မာသမာဓိ (မှန်ကန်တဲ့သမာဓိ) လို့ဟောကြားခဲ့တယ်။
ဒီလို သမာဓိရှိဖို့
ကိုယ့်အတွက်အကျိုးမရှိတဲ့
ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်
လုပ်နေခြင်းက အတားအဆီးတစ်ခုပဲ။
သူတပါးအသက်သတ်၊ ခိုးဝှက်၊
မကောင်းမှုလုပ်နေတဲ့သူကလဲ
သမ္မာဓိရှိဖို့မလွယ်ဘူး။
အလားတူပဲ လူတွေကိုဒုက္ခပေးတဲ့အလုပ်နဲ့
အသက်မွေးမှုပြုနေရင်လဲ
သမာဓိရှိဖို့မလွယ်ဘူး။
ဘဝကို
သမ္မာဝါစာ (မှန်ကန်သောစကား)
သမ္မာကမ္မန္တ (မှန်ကန်သောအလုပ်)
သမ္မာအာဇီဝ (မှန်ကန်သောအသက်မွေးမှု)နဲ့
တည်ဆောက်ဖို့
ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။
သမာဓိရှိမှ
အမှန်အမှားကို ကွက်ကွက်ကွင်းကွင်းမြင်လာမယ်။
မှန်ကန်တဲ့ အတွေးအခေါ်၊
အကြံအစည်ကို လုပ်ဆောင်နိုင်မယ်။
ဒါကို
သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူအမြင်)
သမ္မာသင်္ကပ္ပ (မှန်ကန်သောကြံစည်မှု) လို့
ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာ ဟောကြားခဲ့တယ်။
Phyo Paing @ Derek