အလုပ်မဖြစ်ခင်မှာ
နယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကို
နားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေ
မနည်းဘူး။
နားလည်သွားရင် အလုပ်ဖြစ်အောင်လုပ်ရတာ
မခက်တော့ဘူး။
ဒီနားလည်အောင်လေ့လာတဲ့အချိန်တစ်ခု
အမြဲပေးရတတ်တယ်။
ဘဝမှာ လုပ်ငန်းတစ်ခုကို
အောင်အောင်မြင်မြင်
ဘယ်လိုစတင်မလဲ။
အမှတ်တံဆိပ်တစ်ခုဘယ်လိုဖောက်မလဲ။
ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။
အင်တာနက်အခြေပြုလုပ်ငန်းဘယ်လိုလုပ်မလဲ။
ဒီလိုအချက်တွေကို နားလည်အောင်
အကောင်အထည်ဖော်တတ်အောင်
လေ့လာခဲ့ဖို့ အချိန်တစ်ခုပေးရတတ်တယ်။
စိတ်ရှည်ဖို့လိုတယ်။
လေ့လာနေဖို့လိုတယ်။
စမ်းသပ်ဖို့လိုတယ်။
Phyo Paing @ Derek