အရှေ့အရပ်ကို သွားမယ်ဆိုပြီး
တခြားအရပ်ကိုပြေးနေလို့မရဘူး။
ကိုယ်နေ့စဉ်လုပ်နေတဲ့ “လုပ်ရပ်” က
ကိုယ်ရေရှည်ရချင်တဲ့ “ရလဒ်” ကိုရဖို့
နေ့စဉ် အထောက်အပံ့ပြုနေဖို့လိုတယ်။
ဒီချိတ်ဆက်မှုကို ရှာဖွေတာက ပညာပဲ။
ပုံမှန်မပျက်လုပ်ဆောင်တာ ဝိရိယပဲ။
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်။
ကိုယ်နောက် ငါးနှစ်ဖြစ်ချင်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့
ဒီနေ့လုပ်နေတဲ့အလုပ်ရဲ့
ရာခိုင်နှုန်းဘယ်လောက်က
အထောက်အကူပြုမလဲ။
အထောက်အကူပြုမည့်
ရာခိုင်နှုန်းနည်းတယ်ဆို
ဘယ်နေရာတွေသွားလေ့လာဖို့လိုမလဲ။
ဘာအိုင်ဒီယာတွေ သွားလေ့လာဖို့လိုမလဲ။
ဘယ်သူတွေနဲ့တွေ့ဖို့လိုမလဲ။
ဘာအသစ်တွေထပ်လုပ်ဖို့လိုမလဲ။
ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။
ကိုယ့်လုပ်ရပ်တိုင်းက
ကိုယ်လိုချင်တဲ့ရလဒ်ရဖို့
အထောက်အပံ့ပြုဖို့ အရေးကြီးတယ်။
Phyo Paing @ Derek