စွဲလမ်းမှုက ဒီအတွေ့အကြုံကို
ထပ်ခါထပ်ခါ ပိုပိုပြီးရဖို့တပ်မက်စေတယ်။
ငွေရှိတဲ့သူက ငွေပိုရချင်တယ်။
ပညာရှိတဲ့သူက ပညာပိုရချင်တယ်။
ဂုဏ်ရှိတဲ့သူက ဂုဏ်ပိုရချင်တယ်။
အဲ့လိုပဲ ဒုက္ခကလဲစွဲလမ်းတတ်တယ်။
ယင်ကောင်က မစင်ကိုကြိုက်သလို
အပြစ်တင်ဆဲဆိုတတ်တဲ့သူကလဲ
ဒါကိုသဘောတွေ့စွဲလမ်းတယ်။
ကိုယ်စွဲလမ်းတဲ့အရာက
အကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်။
လူတိုင်းက ဒီခန္ဓာကြီးထဲမှာ
ပိတ်မိနေတယ်။
ဒီခန္ဓာကြီးရှိရင် အာရုံခြောက်ပါးအလုပ်လုပ်မယ်။
ဒီနှိုးဆွမှုတွေရဲ့ဇောအရှိန်နဲ့
သံသရာကြီး လည်ပတ်နေတယ်။
ဘယ်အချိန်အရှိန်တင်ပြီး၊
ဘယ်အချိန်အရှိန်လျော့၊
ဘယ်အချိန်မှာ နားရမလဲသိပြီး
ပညာနဲ့ စီမံနိုင်မှပဲ
ဒီဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်မယ်လို့ထင်တယ်။
Phyo Paing @ Derek