Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘယ်လောက်အောင်မြင်မြင်၂၄ နာရီပဲရှိမှာ။

ဘယ်လောက်အောင်မြင်မြင်
၂၄ နာရီပဲရှိမှာ။

၈ နာရီလောက်က အိပ်မယ်။
ကျန်တဲ့ ၄ နာရီက
စား၊ သောက်၊​ ရေချိုး၊
လမ်းသွား၊ စကားပြောကုန်မယ်။
၁၂ နာရီလောက်ကျန်မယ်။

ဒီ ၁၂ နာရီမှာ
ကိုယ်လုပ်ချင်တာလုပ်ပြီး
ကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝဖြစ်ဖို့လိုလာတယ်။

ကျွန်တော်ကတော့ ဒီ ၁၂ နာရီသည်
ကိုယ့်ကိုကိုယ် နားလည်ဖို့အလုပ်၊
လောကနဲ့ လူတွေကို ပိုနားလည်စေတဲ့အလုပ်၊
နေ့စဥ် ပိုတိုးတက်သွားစေတဲ့အလုပ်၊
ဒီအလုပ်တွေကို ကြိုက်တဲ့နေရာမှာနေပြီး
လုပ်ဆောင်ရင်း
ကိုယ်မပါဘဲဝင်ငွေနေမည့်အရာတွေကိုဖန်တီးပြီး
ဒီနေ့အသုံးစရိတ်၊ မိသားစုစရိတ်တွေကို
တစ်သက်လုံးအလုပ်မလုပ်ရင်တောင်
ကာဗာဖြစ်နေပြီး စိုးရိမ်မှုမရှိဘဝကိုဖြတ်သန်းချင်တယ်။
ဒီလိုပဲ ဖြတ်သန်းနေတယ်။

ဘဝမှာ ဘာဖြစ်ချင်တယ်၊
ညာဖြစ်ချင်တယ်ဆိုတာထက်
တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ
အဓိက စဥ်းစားလိုက်တာက
လိုက်တွေ့ပိုကျတယ်။

ဒါကတော့ ကျွန်တော့်ရဲ့
Lifestyle Design (LSD) နည်းပဲ။

၁၂ နာရီကတော့ အလုပ်ကြီးပဲမဟုတ်ဘူး။
ဘဝလဲပါတယ်။
အလုပ်နဲ့ဘဝ lifestyle integration.

ပုံမှန် ၈ + ၈ + ၈ ကို ဝန်ထမ်းဘဝမှာ လုပ်ခဲ့ပြီး
နောက်ပိုင်းတော့
ကိုယ့်အချိန်ကိုယ်ပိုင်လာရင်တော့
၁၂ နာရီိက ကိုယ်စိတ်ကြိုက်လုပ်လို့ရလာမယ်။
ဖြည်းဖြည်းချင်းပေါ့။

Phyo Paing @ Derek

Share Your Idea!​