၁။ လူ၊ နေရာ၊ ခေါင်းထဲထည့်တဲ့အိုင်ဒီယာကို သေချာရွေးချယ်
၂။ ခေတ်၊ စနစ်နဲ့ ကိုက်ညီတဲ့ အမြင်၊ အသိနဲ့ အတတ်ပညာလိုတယ်
၃။ ကိုယ့်ကိုကိုယ်နားလည်အောင်နေ့စဥ်လေ့လာ
၄။ ချစ်တဲ့အလုပ်ကိုလုပ် ဒါမှမဟုတ် လုပ်တဲ့အလုပ်ကိုချစ်
၅။ တခြားသူတွေအပေါ်မျှော်မှန်းချက်ထားတာလျော့၊ ကိုယ့်ကိုကိုယ် မျှော်မှန်းချက်ပိုထား
၆။ ရေရှည်အလုပ်မဖြစ်နိုင်တာတွေကို စွန့်လွတ်ဖို့ဝန်မလေးနဲ့
၇။ မှန်ကန်တဲ့အမြင်ရှိဖို့ပညာသင်။ ကိုယ်လိုချင်တာရဖို့ မှန်ကန်တဲ့အမြင်လိုတယ်။ ကိုယ်ရထားတာ ပြန်လိုချင်ဖို့လဲ မှန်ကန်တဲ့အမြင်လိုတယ်။
၈။ လူတွေကိုအထင်အမြင်ကို လိုတာထက်ပိုဂရုမစိုက်နဲ့။ ကိုယ့်အထာနဲ့ကိုယ်နေ။
၉။ လူတိုင်းသွားတဲ့လမ်းနောက်မလိုက်နဲ့။ ကိုယ့်လမ်းကိုယ်ဖောက်။
၁၀။ ဒီနေ့နဲ့ တစ်နေ့နဲ့မတူဘူး။ ဒီနေ့မှာ မကျွမ်းကျင်သေးပေမယ့် ဖြေးဖြေးအလုပ်လုပ်သွား၊ လေ့ကျင့်သွားတဲ့အခါ တစ်နေ့ကျ ပိုကောင်းလာမယ်။
၁၁။ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့။ ဖြစ်နိုင်ရင် အပြစ်မတင်နဲ့အဖြေရှာ။
၁၂။ ပြိုင်မငြင်းနဲ့ မေး။ လူတိုင်းသူ့အမြင်နဲ့သူရှိတယ်။
၁၃။ ဘဝရဲ့ပေးထားချက်ကို နားလည်အောင်လုပ်။ ရွေးထားချက်ကို မှန်ကန်အောင်လုပ်။
၁၄။ နေ့တိုင်းစမ်းသပ်ပြုပြင်တဲ့ iterative process တစ်ခုပဲ။ နေ့စဥ်ဘဝကြီးပိုကောင်းအောင် Baye’s rule အတိုင်း ကိုယ့်အတွေး၊ အကြံ၊ အလုပ်ကို တိုးတက်အောင်ပြုပြင်သွား။
၁၅။ ကိုယ့်အထင်အမြင်ကို အမှန်လို့မထင်နဲ့။ အမြင်က အမှန်မဟုတ်ဘူး။ အလုပ်မဖြစ်တဲ့ အမြင်တွေကို ပြောင်းဖို့ဝန်မလေးနဲ့။
၁၆။ ကျန်းမာရေးသည် ပထမ။ ကျန်းမာရေးမရှိရင် ကျန်တာမရှိဘူး။
၁၇။ ကိုယ်ကိုးကွယ်ယုံကြည်တဲ့အရာ၊ အသက်မွေးတဲ့အရာကို နက်နက်နဲနဲနားလည်အောင်လုပ်။
၁၈။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ အရာရာ intentional ရည်ရွယ်ချက်ရှိရှိဖြတ်သန်း။
၁၉။ ဘဝမှာ ကိုယ့်အတွက်အလုပ်ဖြစ်တဲ့ လက်ကိုင်ထားတဲ့ ဥပဒေသတွေဖန်တီးကျင့်သုံး။ လိုအပ်ရင် update အဆင့်ပြန်မြင့်။
Phyo Paing @ Derek