သိတဲ့လူတိုင်းကိုယ်ကို သဘောကျပြီး
ကိုယ့်ကိုကိုယ် သဘောမကျလို့
သတ်သေသွားတဲ့သူတွေ
အများကြီးတွေ့ဖူးလိမ့်မယ်။
လူတိုင်းကိုယ့်ကို သဘောကျစရာမလိုဘူး။
ကိုယ့်ကိုကိုယ် သဘောကျဖို့လိုတယ်။
ကိုယ့်ဘဝက တပါးသူတွေသဘောကျအောင်
ပျော်တော်ဆက်ဘဝနေနေတာမှမဟုတ်တာ။
အနုပညာဆိုတာ ကိုယ့်ကိုကိုယ်ပျော်ဖို့။
ဖျော်ဖြည်ရေးဆိုတာ သူတပါးပျော်ဖို့။
လူတွေ သဘောမကျလဲဘဝရပ်တည်နိုင်ဖို့
ပိုက်ဆံရှာထားဖို့လိုတယ်။
လူတွေရဲ့ အထင်အမြင်က
စားဝတ်နေရေးနဲ့
ကိုယ့်ဘဝရပ်တည်မှုအပေါ်သက်ရောက်မှုရှိရင်
ဘဝအကျဥ်းသားဖြစ်နေမယ်။
အဲ့လိုမဖြစ်အောင် ငွေကြေးလွတ်မြောက်မှု
အရေးကြီးတယ်။
Phyo Paing @ Derek