တိုးတက်မှုမရှိတဲ့ဘဝက
လူဖြစ်ရှုံးတဲ့ဘဝပဲ။
စိတ်ပိုင်းဆိုင်ရာ၊
ကိုယ်ပိုင်းဆိုင်ရာ၊
ဥာဏပိုင်းဆိုင်ရာ၊
ပညာပိုင်းဆိုင်ရာတိုးတက်မှုမရှိနေတာ
လူဖြစ်ရှုံးတာပဲ။
နေသလိုဖြစ်တဲ့ဘဝကို
ဖြစ်သလိုနေပြီး
ရေစုန်မျှော
ရေမျှောကမ်းတင်ဖြတ်သန်းတာ
လူဖြစ်ရှုံးတာပဲ။
လောကနဲ့ လူတွေဆီကပဲယူပြီး
ပြန်မပေးတာ လူဖြစ်ရှုံးတာပဲ။
ကိုယ့်ရဲ့အစွမ်းအစဘယ်လောက်ရှိလဲ
မကြိုးစားကြည့်တာ
လူဖြစ်ရှုံးတာပဲ။
ကိုယ်နဲ့ မထိုက်တန်တဲ့
လူ၊ နေရာ၊ အိုင်ဒီယာနဲ့
ပေတေတွယ်ကပ်ပြီးနေတာ
လူဖြစ်ရှုံးတာပဲ။
ကိုယ့်အတွက် အကျိုးမရှိတဲ့
ကစားပွဲကို
မစဥ်းစားမိဘဲ
ဖန်တီးထားသူရဲ့လှည့်ကွက်ထဲ
သတိမရှိဘဲ ကစားနေတာ
လူဖြစ်ရှုံးတာပဲ။
လူဖြစ်မရှုံးဖို့လိုတယ်။
Phyo Paing @ Derek