စိတ်ညစ်စရာဆိုတာ
လူဖြစ်နေသမျှရှိနေမှာပဲ။
ဒါက လောကသဘာဝပဲ။
လူတွေက အပြင်မှာထက်
စိတ်ကူးထဲမှာ ပိုနာကျင်တတ်ကြတယ်တဲ့။
လူလာဖြစ်တော့လဲ မစဉ်းစားဘဲနဲ့လဲ
မနေနိုင်ပြန်ဘူး။
ဒီတော့ စဉ်းစားနည်း
ကောင်းအောင်လုပ်ဖို့လိုလာတယ်။
လူတိုင်းက အမှားလုပ်တတ်တယ်။
ကိုယ့်ကိုကိုယ် ခွင့်လွတ်။
လူတိုင်းက ကိုယ့်ကိုအထင်ကြီးမှာမဟုတ်ဘူး။
စိတ်ထားတတ်အောင်လုပ်။
အာရုံတွေထွေပြားဝေဝါးနေရင်
ဘဝက ပိုခက်ခဲလိမ့်မယ်။
ဒါကြောင့် ကိုယ်လိုချင်တဲ့အရာ
“တစ်ခု” ကိုပဲ အားပြုပြီးစဉ်းစား။
အာရုံပြုနေ့စဉ်လုပ်ဆောင်။
ကိုယ်ထိန်းချုပ်နိုင်တာတွေကိုအာရုံစိိုက်။
ထိန်းချုပ်လို့မရတာကို လျစ်လျူရှုလိုက်။
Phyo Paing @ Derek