လူတစ်ယောက်မှာ ဒီသုံးခု
အရေးအကြီးတယ်လို့ထင်တာပဲ။
ဘဝမှာ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်ဖို့။
သူများပြဿနာကို ဖြေရှင်းကူနိုင်ဖို့။
ဒီလိုလုပ်ရင် အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာနိုင်ဖို့။
ဘဝမှာ ကိုယ်တိုင်ကြုံရတဲ့ပြဿနာက
၁။ ငွေအလုံအလောက်မရှိတာ
၂။ အချစ်
၃။ ကျန်းမာ၊ ကြံ့ခိုင်ရေး
၄။ ပေါင်းသင်းဆက်ဆံရေး
၅။ လူမှုရေး
၆။ ငွေကြေးစီမံမှု
၇။ တိုးတက်ရေး၊ လေ့လာနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်မြင့်ရေး
၈။ ဘာသာစကား
၉။ လွတ်လပ်မှု (ငွေကြေးနဲ့ နေရာ)
အများတော့ အများကြီးပဲ။
သူများပြဿနာဆိုတဲ့နေရာမှာ
၁။ မိဘနဲ့ မောင်နှမ၊ အမျိုး မိသားစုပြဿနာ
၂။ ကိုယ့်လို ပြဿနာကြုံတဲ့သူတွေအတွက်
ကိုယ့်အဖြေကို မျှဝေပေးနိုင်မှု
ဒါကလဲ အများကြီးပဲ။
အနာဂတ်ပြဿနာ
၁။ အိုမယ်
၂။ နာမယ်
၃။ သေမယ်
၄။ မသေခင် အထီးကျန်မယ်
၅။ ပင်စင်ယူပြီး ကျန်းမာရေးစောင့်လျှောက်မှုအတွက်
ဒါကလဲ အများကြီး။
ဒီသုံးခု စီမံနိုင်ရင် life management က
အဆင်ပြေသွားပြီ။
တကယ်စဉ်းစားကြည့်ရင်
ကျွန်တော်တို့ငယ်တုန်းက ကျောင်းမှာ
ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းဖို့ သင်ခဲ့ရတာ
သိပ်တော့ မများဘူး။
Phyo Paing @ Derek