Marketing ဆိုတာ ရောင်းတဲ့ ပညာ မဟုတ်ဘူး။
လူတွေကို လှုပ်ရှားစေတဲ့ ပညာ ဖြစ်တယ်။
Marketing ပြောရင်
လူအများစုက
ပစ္စည်း ရောင်းတာလို့ပဲ ထင်တယ်။
ဈေးကွက် ရှာဖွေတာတစ်ခုပဲလို့ ထင်တယ်။
ကြော်ငြာ ဖန်တီးတာလို့ပဲ ထင်တယ်။
ဒါ Marketing ရဲ့ ၁၀% ပဲ ဖြစ်တယ်
ကျန်တဲ့ ၉၀% က
စီးပွားရေး အပြင်မှာ ရှိတယ်
နိုင်ငံရေးမှာ ရှိတယ်။
ဘာသာရေးမှာ ရှိတယ်။
လူမှုရေးမှာ ရှိတယ်။
စစ်ရေးမှာတောင် ရှိတယ်။
Marketing ဆိုတာ
ပစ္စည်း ရောင်းတာ မဟုတ်ဘူး
“အတွေးအခေါ် ရောင်းတာ” ဖြစ်တယ်
ယုံကြည်ချက် ကို ရောင်းတာ။
အပြောင်းအလဲ ကို ရောင်းတာ။
လှုပ်ရှားမှု ကို ရောင်းတာ။
ဒါ ဘယ်နေရာတွေမှာ ဖြစ်နေလဲ ကြည့်ရအောင်။
နိုင်ငံရေး
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကို ကြည့်ပါ။
ဒီမှာ ရောင်းတဲ့ ပစ္စည်း ဘာလဲ။
ကိုယ်စားလှယ်လောင်း ဖြစ်တယ်။
ဘယ်လို ရောင်းလဲ။
Positioning — “ငါက ဒီ လူ” ဆိုတာ ရှင်းအောင် ချတယ်
Obama — “Hope and Change”
Trump — “Make America Great Again”
ဒါတွေ brand positioning ဖြစ်တယ်။
Audience segmentation — ဘယ်သူ့ ဆီ ဘာ ပြောမလဲ ခွဲတယ်။
လူငယ်တွေ ဆီ social media သုံးတယ်။
အသက်ကြီးသူတွေ ဆီ TV ads သုံးတယ်။
Swing state တွေ ကို ပိုအာရုံစိုက်တယ်။
ဒါ market segmentation ဖြစ်တယ်။
Social proof — “ဒီ လူ ကို လူ ဘယ်လောက် ထောက်ခံနေပြီ” ပြတယ်။
Rally ပွဲတွေ လုပ်တယ်။
Endorsement ယူတယ်။
Poll ရလဒ် ပြတယ်။
ဒါ marketing ရဲ့ social proof technique ဖြစ်တယ်။
Fear appeal — “ဟိုသူ နိုင်ရင် ဒီလို ဖြစ်မယ်” ကြောက်အောင် လုပ်တယ်
ဒါ marketing ရဲ့ fear-based copywriting ဖြစ်တယ်။
Call to action — “မဲ ပေးပါ”။
ဒါ CTA ဖြစ်တယ်။
ပစ္စည်း မရောင်းဘူး။
ကိုယ်စားလှယ်လောင်း ရောင်းတယ်။
ဒါပေမယ့် technique အတူတူပဲ။
ပိုက်ဆံ ဘီလီယံ ချီ သုံးကြတယ်။
ဘာအတွက်လဲ — Marketing အတွက်။
ဘာကြောင့်လဲ — Marketing တတ်တဲ့ သူ နိုင်လို့။
ဘာသာရေး
သာသနာ ပြန့်ပွားရေး ကို ကြည့်ပါ။
ခရစ်ယာန် သာသနာ ပြန့်ပွားခြင်း ကို ကြည့်ရင်
ကမ္ဘာ့ အကြီးဆုံး marketing campaign တစ်ခု ဖြစ်တယ်။
Missionary တွေ ကမ္ဘာတစ်ဝန်း သွားတယ် — distribution
ဘာသာ ပြန် ကျမ်းစာ ဝေတယ် — content marketing
ဘုရားကျောင်း ဆောက်တယ် — physical presence
ကျောင်းတွေ ဆေးရုံတွေ ဖွင့်တယ် — value-first strategy
“တန်ဖိုး အရင် ပေး ပြီးမှ ယုံကြည်ချက် မျှဝေ”။
ဒါ content marketing ရဲ့ core principle ဖြစ်တယ်။
ဘာသာရေး သာသနာပြုတွေ
ရာစုနှစ်တွေ ကတည်းက သုံးခဲ့ပြီးသား။
ဗုဒ္ဓ သာသနာ ပြန့်ပွားခြင်း ကိုလည်း ကြည့်ပါ။
အသောကမင်း က
သာသနာပြု ရဟန်းတွေ ကို
နိုင်ငံ ၉ နိုင်ငံ ကျော် စေလွှတ်ခဲ့တယ်။
ဒါ international expansion strategy ဖြစ်တယ်။
ဗုဒ္ဓ ကိုယ်တိုင်
လူတစ်ယောက်ချင်းရဲ့ နားလည်နိုင်စွမ်းနဲ့ ကိုက်ညီအောင်
ဟောကြားပုံ ပြောင်းခဲ့တယ်။
ဒါ audience segmentation ဖြစ်တယ်။
ဒါ ဥပါယကောသလ ဖြစ်တယ်
ဒါ marketing ရဲ့ personalization ဖြစ်တယ်။
ဘာသာရေး က marketing ကို ယူတာ မဟုတ်ဘူး။
Marketing က ဘာသာရေး ဆီကနေ သင်ယူခဲ့ရတာ ဖြစ်နိုင်တယ်။
ဘာကြောင့်လဲ ဆိုတော့
ဘာသာရေး က marketing ထက် ရာစုနှစ်တွေ ကြိုပြီး လုပ်ခဲ့လို့။
ကျန်းမာရေး ပညာပေး
Health education ကို ကြည့်ပါ
ဆေးလိပ် ဆိုးကြောင်း campaign ကို ကြည့်ရင်
ဒါ marketing ဖြစ်တယ်။
ပစ္စည်း မရောင်းဘူး
“အပြောင်းအလဲ” ရောင်းတယ်။
“ဆေးလိပ် ဖြတ်ပါ” ဆိုတဲ့ အပြုအမူ ပြောင်းလဲမှု ရောင်းတယ်။
ဘယ်လို ရောင်းလဲ
Fear appeal — ဆေးလိပ်ဘူး ပေါ်မှာ ကင်ဆာ ပုံ ကပ်ထားတယ်။
ဒါ fear-based marketing ဖြစ်တယ်။
Social proof — “လူ ၅ သန်း ဖြတ်ပြီးပြီ” ပြတယ်။
ဒါ social proof ဖြစ်တယ်။
Storytelling — “ငါ ဆေးလိပ်ကြောင့် ဒီလို ဖြစ်ခဲ့ရတယ်” ဗီဒီယို ပြတယ်။
ဒါ testimonial marketing ဖြစ်တယ်။
COVID ကာလ vaccine campaign ကိုလည်း ကြည့်ပါ။
“ကိုယ့်ကိုယ်ကိုသာမဟုတ် ကိုယ့်ချစ်တဲ့သူတွေအတွက်ပါ ထိုးပါ”
ဒါ emotional appeal ဖြစ်တယ်။
ဒါ marketing copywriting ဖြစ်တယ်။
ပစ္စည်း မရောင်းဘူး
ဘဝ ကယ်ဆယ်ရေး ပညာ ရောင်းတယ်။
ဒါပေမယ့် technique အတူတူပဲ။
စစ်ရေး / လူစုဆောင်းရေး
အမေရိကန် ရေတပ် ရဲ့
“A Global Force for Good” campaign ကို ကြည့်ပါ။
ဒါ recruitment marketing ဖြစ်တယ်။
ဘယ်လို ဆွဲဆောင်လဲ —
Purpose — “ကမ္ဘာကြီး အတွက် တစ်ခုခု လုပ်ချင်လား”
ဒါ purpose-driven branding ဖြစ်တယ်။
Identity — “Navy ဖြစ်ရင် ဒီလို လူ ဖြစ်မယ်”။
ဒါ identity marketing ဖြစ်တယ်
ပစ္စည်း မရောင်းဘူး “ကိုယ် ဘယ်သူ ဖြစ်ချင်လဲ” ရောင်းတယ်။
Benefits — ပညာသင်ခွင့် ရမယ် ခရီးသွားရမယ် skill ရမယ်။
ဒါ offer design ဖြစ်တယ်။
Scarcity — “ဒီ position ကန့်သတ်ထားတယ်”
ဒါ scarcity technique ဖြစ်တယ်
“Uncle Sam Wants You” ← ၁၉၁၇ ကတည်းက သုံးခဲ့တဲ့
ကမ္ဘာ့ နာမည်ကြီးဆုံး CTA တစ်ခု ဖြစ်တယ်။
စစ်သား စုဆောင်းရေး ကတောင်
marketing technique သုံးတယ်။
ဘာကြောင့်လဲဆိုတော့
marketing တတ်မှ လူ ရလို့။
Pattern ကို မြင်လား အားတီ၊ အားမေတို့။
နိုင်ငံရေး — ကိုယ်စားလှယ်လောင်း ရောင်းတယ်။
ဘာသာရေး — ယုံကြည်ချက် ရောင်းတယ်။
ကျန်းမာရေး — အပြုအမူ ပြောင်းလဲမှု ရောင်းတယ်။
စစ်ရေး — identity ရောင်းတယ်။
ဒါတွေ အကုန်လုံး “ရောင်း” နေတယ်
ပစ္စည်း မဟုတ်ဘူး။
အတွေးအခေါ် ရောင်းနေတယ်။
Technique ကို ကြည့်ရင်
Positioning — အကုန်လုံး သုံးတယ်
Audience segmentation — အကုန်လုံး သုံးတယ်
Social proof — အကုန်လုံး သုံးတယ်
Fear appeal — အကုန်လုံး သုံးတယ်
Storytelling — အကုန်လုံး သုံးတယ်
CTA — အကုန်လုံး သုံးတယ်
တူညီတဲ့ technique
ကွာခြားတဲ့ ကွင်း
ကွာခြားတဲ့ ရည်ရွယ်ချက်။
Marketing ဆိုတာ
tool ဖြစ်တယ်။
tool ကို ဘယ်လို သုံးလဲ ဆိုတာ
tool ကိုင်တဲ့ သူ ရဲ့ ရည်ရွယ်ချက် ပေါ် မူတည်တယ်။
ကောင်းအောင်လည်း သုံးလို့ ရတယ်
ဆိုးအောင်လည်း သုံးလို့ ရတယ်။
ဒါ tool ရဲ့ သဘာဝ ဖြစ်တယ်။
ဒါ ဘာကြောင့် အရေးကြီးလဲ။
ပထမ — ကိုယ်လည်း marketing ခံနေရတယ် သိဖို့
နိုင်ငံရေးသမားတွေ ကိုယ့်ကို marketing လုပ်နေတယ်။
ကြော်ငြာသမားတွေ marketing လုပ်နေတယ်။
News channel တွေ marketing လုပ်နေတယ်။
Social media platform တွေ marketing လုပ်နေတယ်။
ဒါ သိရင်
“ဒီ message ငါ့ကို ဘာ ခံစားစေချင်လို့လဲ” မေးနိုင်တယ်။
“ဒီ message ဘယ်သူ့ အကျိုး အတွက်လဲ” မေးနိုင်တယ်။
ဒါ critical thinking ဖြစ်တယ်
ဒါ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်း ဖြစ်တယ်။
ဒုတိယ — ကိုယ်လည်း သုံးလို့ ရတယ် သိဖို့
ကိုယ့် လုပ်ငန်း အတွက် သုံးလို့ ရတယ်။
ကိုယ့် အကြောင်း ပြောဖို့ သုံးလို့ ရတယ်။
ကိုယ့် ယုံကြည်ချက် ဖြန့်ဖို့ သုံးလို့ ရတယ်။
ကိုယ့် community တည်ဆောက်ဖို့ သုံးလို့ ရတယ်။
တတိယ — စေတနာ နဲ့ သုံးဖို့
Marketing တတ်ရင်
လူတွေကို ကောင်းအောင်လည်း လှုပ်ရှားစေနိုင်တယ်။
ဆိုးအောင်လည်း လှုပ်ရှားစေနိုင်တယ်။
ကွာခြားချက်က technique မဟုတ်ဘူး
စေတနာ ဖြစ်တယ်။
တူညီတဲ့ technique
ကွာခြားတဲ့ စေတနာ
လုံးဝ ကွာခြားတဲ့ ရလဒ်။
ပြီးရင် “Marketing ဆိုတာ ပစ္စည်း ရောင်းတဲ့ ပညာပဲ
ငါနဲ့ မဆိုင်ဘူး” ထင်တယ်။
တကယ်က Marketing ဆိုတာ
လူတွေကို လှုပ်ရှားစေတဲ့ ပညာ ဖြစ်တယ်
ဆရာ တစ်ယောက် ကျောင်းသား ကို သင်ရင် — ဒါ marketing
မိဘ တစ်ယောက် သားသမီး ကို ပြောရင် — ဒါ marketing
ခေါင်းဆောင် တစ်ယောက် team ကို ဦးဆောင်ရင် — ဒါ marketing
လူတွေကို နားလည်ပြီး
လူတွေကို လှုပ်ရှားစေတတ်ရင်
ဒါ marketing တတ်တာ ဖြစ်တယ်
ဒါ စီးပွားရေးသမား အတွက်ပဲ မဟုတ်ဘူး
ဒါ လူ တိုင်း အတွက် ဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့
ဘဝ ဆိုတာ လူနဲ့ ဆိုင်လို့ပါ။
လူနဲ့ ဆိုင်တဲ့ အရာ တိုင်း
marketing နဲ့ ဆိုင်လို့။
Phyo Paing @ Derek