မလုပ်ချင်တာ မလုပ်ရဖို့
ငွေရှာတယ်။
နောက် လုပ်ချင်တာလုပ်နိုင်ဖို့
ငွေရှာတယ်။
ငွေမရှိရင်
မလုပ်ချင်တာ လုပ်ရ၊
လုပ်ချင်တာ မလုပ်ရ။
ငွေရဖို့အတွက်
ငွေရှာဖို့လိုပြန်တယ်။
ငွေမရှိသေးရင်
လုပ်အားကိုရောင်းရပြီ။
လုပ်အားကို အဖိုးတန်အောင်
အတတ်ပညာသင်ရပြန်တယ်။
ငွေရှိပြီး ငွေပိုရဖို့အတွက်
အသိပညာ ပြန်သင်ရပြန်တယ်။
လူတွေကြားမှာ လူလုပ်နည်းတတ်အောင်
ပေါင်းသင်းဆက်ဆံမှုပညာသင်ရပြန်တယ်။
ဒီ technical skill အတတ်ပညာ၊
conceptual skill အသိပညာနဲ့
human skill လူကြောနပ်ဖို့က
ရှင်သန်ဖို့ လိုအပ်တဲ့ပညာသုံးခု။
တစ်ခုပဲရှိရင်
နည်းနည်းရှင်သန်ရခက်တတ်တယ်။
Phyo Paing @ Derek