ဘဝမှာ ကျန်းမာကြံ့ခိုင်ပြီး
ငွေပြတ်နေတဲ့ဘဝဖြစ်တာ
မကောင်းသလို၊
ငွေရှိ၊ ကြံ့ခိုင်ပြီး
ပညာမတတ်တဲ့ဘဝလဲမဖြစ်ချင်ဘူး။
ဒါကြောင့်ဘဝမှာ အကန့်တွေရှိတယ်။
ကျန်းမာကြံ့ခိုင်ရေး၊
ငွေရေးကြေးရေး၊
အလုပ်နဲ့စီးပွား၊
အသိပညာ၊ အတတ်ပညာ တိုးတက်ရေး၊
အချစ်၊ မိသားစုနဲ့ ပေါင်းသင်မှုရေးရာ၊
ဘဝရဲ့အဓိပ္ပာယ်၊ ဘုရား၊ တရားရေးရာ။
အကန့်ခြောက်ခု။
ဒါတွေထဲက တစ်ခုခုက
အမြဲတိုးတက်နေမှ
ဘဝကလဲ နေလို့ထိုင်လို့ကောင်းတာ။
ဆုပ်ယုတ်နေရင် နေလို့ထိုင်လို့မကောင်းဘူး။
Phyo Paing @ Derek