Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။

ကိုယ်တစ်ယောက်တည်း
တော်လို့မဟုတ်ဘူး။

အောင်မြင်တယ်၊
တိုးတက်တယ်ဆိုတာ
အထောက်အပံကောင်းလို့။

ဒီနေ့ခေတ် မိဘတွေက
သားသမီးတွေကို
ငွေကုန်ခံပြီး ပညာသင်ပေးတာက
အထောက်အပံ့တစ်ခုဖြစ်စေချင်လို့။

ကိုယ့်မိဘတွေရဲ့ genes မျိုးရိုးဗီဇ၊
မိဘတွေရဲ့ အထောက်အပံ၊
ပံ့ဝန်းကျင်ရဲ့အထောက်အပံ့၊
ချစ်သူရည်းစား လင်မယားရဲ့
နားလည်ပံ့ပိုးမှု၊
ဆရာသမားတွေရဲ့ပံ့ပိုးမှု၊
ကိုယ်နေထိုင်တဲ့နေရာရဲ့ပံ့ပိုးမှု
ဒီအချက်တွေအပေါ်
အများကြီးမူတည်တယ်။

ဘဝမှာ အသက်အရွယ်တစ်ခုထိ
ရွေးချယ်လို့မရခဲ့တာတွေရှိမယ်။​
အသက်အရွယ်တစ်ခုရောက်တဲ့အခါ
ရွေးချယ်လို့ရတဲ့ သေးသေးလေးကစလို့
အကြီးကြီး ရွေးချယ်မှုတွေလုပ်လို့ရတာရှိမယ်။

အဖေ၊ အမေကို ရွေးလို့မရဘူး။
ငယ်ဘဝဖြတ်သန်းမှုကို
ရွေးချယ်ဖို့မလွယ်ကူဘူး။
ဒါပေမယ့် ဘဝမှာ
ဘယ်မှာနေမယ်၊ ဘယ်သူတွေနဲ့တွေ့မယ်၊
ဘယ်လိုအတွေးအခေါ်မျိုးတွေးမယ်
ဒါတွေက ရွေးချယ်လို့ရတယ်။
တွေးခေါ်၊ ကြံစည်၊ လုပ်ဆောင်လို့ရတယ်။

တခါတလေ တချို့တွေက
ပညာအထောက်အပံ့နဲ့
မျိုးရိုးဗီဇ အလုံအလောက်မကောင်းတဲ့အခါ
ပညာသင်ရခက်တာ၊
ကိုယ်လိုချင်တဲ့ရလဒ်ရဖို့
လိုအပ်တဲ့ IQ မရှိတာ
ဒါမျိုးလဲဖြစ်နိုင်တယ်။

လူတစ်ယောက် အောင်မြင်တယ်ဆိုတိုင်း
အထင်အရမ်းကြီးဖို့မလိုသလို၊
ညံ့နေတယ်ဆိုတာကလဲ
သူမကြိုးစားလို့ မဟုတ်တာလဲဖြစ်နိုင်တယ်။

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လို
အကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။

Phyo Paing @ Derek

Share Your Idea!​