Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စီးပွားရေးစီမံခန့်ခွဲမှုမှာတော့
Systems Thinking လို့သုံးတယ်။

နားမလည်ရင် မှားမယ်။

ဗုဒ္ဓရဲ့သင်ကြားမှုက
ဒုက္ခကလွတ်မြောက်ဖို့
ကိုးကွယ်ဖို့ထက်
နားလည်ဖို့လိုတယ်လို့ဆိုတယ်။

ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓရဲ့အဆုံးအမကိုခေါ်ပြီး
လောကသဘာဝကိုနားလည်ဖို့
ဗုဒ္ဓရဲ့သင်ကြားမှုဖြစ်ပါတယ်။

ကံကြမ္မာဆိုတာ သတ်မှတ်ပြီးသားလား။
သူ့အလိုလိုဖြစ်ချင်သလိုဖြစ်နေသလား။
ကိုယ့်ဘဝ ကိုယ်စိတ်ကြိုက်တည်ဆောက်လို့ရလား။

ဒီအဖြေက ပဋိစ္စသမုပ္ပာဒ် Dependent Origination
“အရာရာဟာ သူ့ဘာသာ သူဖြစ်လာတာမဟုတ်ဘူး။
အကြောင်းအရင်း (Causes) နဲ့
အခြေအနေ (Conditions) တွေကြောင့် ဖြစ်လာတာ။”

ပန်းပင်တစ်ပင်ရှင်သန်ဖို့
မြေရှိတယ်။
ရေရှိတယ်။
နေရောင်ရှိတယ်။
လေရှိတယ်။
အချိန်ရှိတယ်။
ဒါတွေ မရှိရင်
ပန်းပင် မရှိတော့ဘူး။
ဒါကိုပဲ Dependent Origination ပဲ။

“သူက လူဆိုး။”
လို့ တစ်ခါတည်း အမည်တပ်မယ့်အစား
ဗုဒ္ဓက
“ဘယ်လိုအကြောင်းအရာတွေကြောင့် ဒီလိုပြုမူလာတာလဲ။”
လို့ ကြည့်တယ်။
ဥပမာ
မိသားစုပြဿနာ
ပတ်ဝန်းကျင်
ပညာရေး
အလေ့အကျင့်
ကြောက်ရွံ့မှု
လောဘ
ဒါတွေကြောင့် အပြုအမူတွေ ဖြစ်လာတာ။

စီးပွားရေးစီမံခန့်ခွဲမှုမှာတော့
Systems Thinking လို့သုံးတယ်။

ဗုဒ္ဓရဲ့သင်ကြားမှုက
ဒုက္ခဆင်းက လွတ်မြောက်ဖို့။
စိတ်ဆင်းရဲမှုက
စွဲလမ်းမှုကလာတယ်။
စွဲလမ်းမှုက လိုချင်တပ်မက်မှုကလာတယ်။
လိုချင်တပ်မက်မှုက အယူမှားကလာတယ်။
တစ်သက်လုံးပိုင်နေမယ်၊
ငါဆိုတဲ့အတ္တ၊
ဒါရသွားရင် အမြဲပျော်နေမယ်လို့ထင်တဲ့
အယူမှားကလာတယ်။
ဒီအယူမှားက မသိမှုကလာတယ်။

ဒါကြောင့် နားမလည်ရင်
မှားမယ်။
နားလည်ဖို့ ကိုယ့်အထင်အမြင်တိုင်း
အမှန်လို့ထင်ပြီး
တုန့်ပြန်တတ်တဲ့အကျင့်ကို
စစ်ဆေးဖို့ တရားထိုင်ဖို့အရေးကြီးတယ်လို့
ဗုဒ္ဓက သင်ကြားပေးခဲ့တယ်။

ဒါမှ
ကိုယ့်စိတ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ
ကိုယ်တိုင်မြင်လာမှာ။

ဒါကြောင့် စိတ်ငြိမ်ဖို့ပဲတရားထိုင်တာထက်
“စိတ်ကို လေ့လာဖို့။” တရားထိုင်ဖို့လိုတယ်ဆိုပြီး
ဗုဒ္ဓက ဝိပဿနာ
နက်နဲစွာထိုးထွင်းသိမြင်ခြင်းကို
လုပ်ဆောင်ကျင့်သုံးဖို့
မဂ္ဂင်ရှစ်ပါးမှာ တစ်ပါးအနေနဲ့ဟောကြားခဲ့တယ်။

Phyo Paing @ Derek

Share Your Idea!​