လူအများစု ဘဝတိုင်ပတ်နေတာ
ပိုက်ဆံကြောင့်မဟုတ်ဘူး။
အတွေးအခေါ်ကြောင့်။
အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်နိုင်ဖို့လိုတယ်။
ဒီလိုပြင်ဖို့ကလဲ ကိုယ်မှားနေတာသိဖို့လိုတယ်။
ကိုယ်မှားနေတာ ဘယ်လိုသိနိုင်မလဲဆို
ကိုယ်လိုချင်တာ ရလာမနေဘူးဆိုမှားတာပဲ။
ကိုယ်လိုချင်တာကို မထိန်းထားနိုင်ဘူးဆိုမှားတာပဲ။
ကိုယ်လိုချင်တာကို အခုရပြီး
အနာဂတ်မှာနောင်တရမယ်ဆိုလဲ မှားတာပဲ။
မှန်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။
လိုချင်တာရရင်။
ထိန်းထားနိုင်ရင်။
ကိုယ့်နည်းလမ်းက နောင်တမရစေရင်။
Phyo Paing @ Derek