Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သင် ဘဝကို မပြောင်းနိုင်သေးခင်
ကိုယ့်ရဲ့ Emotional Pattern ကို ပြောင်းနိုင်ပါတယ်။

ခဏခဏ စိတ်ညစ်တတ်လား
ဒါကဘာကြောင့်လဲ။

တချို့လူတွေ ဘာကြောင့်
အမြဲစိတ်ကျနေသလို ဖြစ်ပြီး၊
တချို့လူတွေကတော့ ဘာကြောင့်
အမြဲစွမ်းအင်ပြည့်နေကြတာလဲ?

တစ်ခါတလေ သတိထားမိဖူးလား။

တချို့လူတွေက ပြဿနာတစ်ခု ကြုံတာနဲ့
“ပြီးပြီ… ငါမရတော့ဘူး။”

တချို့လူတွေကတော့
“အဆင်ပြေတယ်။
ဒီတစ်ခေါက် ဘာသင်ယူရမလဲ?”

အဖြစ်အပျက်က အတူတူပဲ။
ဒါပေမယ့် ခံစားချက်က မတူဘူး။

ဒါဟာ ကံကောင်းတာ၊ ကံဆိုးတာ မဟုတ်ဘူး။
လူတိုင်းမှာ ကိုယ်ပိုင် Emotional Pattern (စိတ်ခံစားမှုပုံစံ)
တစ်ခုစီ ရှိတတ်ပါတယ်။

သုတေသနတွေအရ လူတစ်ယောက်ရဲ့
စိတ်ခံစားမှုကို အဓိက လွှမ်းမိုးတဲ့ အရာတွေက—

၁။ မွေးရာပါ Temperament (စိတ်သဘောထား)

တချို့လူတွေက မွေးကတည်းက အေးဆေးတယ်။
တချို့က စိတ်လှုပ်ရှားလွယ်တယ်။
တချို့က စိုးရိမ်လွယ်တယ်။
တချို့က စူးစမ်းလိုစိတ်၊ စွမ်းအင်ပိုများတယ်။

၂။ Personality (ကိုယ်ရည်ကိုယ်သွေး)

စိတ်ပညာမှာ လူတစ်ယောက်ရဲ့
Personality က သူ့ရဲ့ နေ့စဉ်ခံစားချက်တွေကို
အများကြီး သက်ရောက်စေတယ်။

တချို့က အကောင်းမြင်ဘက်ကို
အလိုလို တွေးတတ်တယ်။
တချို့က အန္တရာယ်၊ အမှား၊ ဆုံးရှုံးမှုကို ပိုမြင်တတ်တယ်။

၃။ ဦးနှောက်ရဲ့ ဓာတုဗေဒ

Dopamine၊ Serotonin နဲ့ တခြား ဦးနှောက်ဓာတုပစ္စည်းတွေ
မတူညီတာကြောင့် လူတစ်ယောက်နဲ့ တစ်ယောက်
Motivation၊ ပျော်ရွှင်မှု၊ စိတ်ဖိစီးမှုကို ခံစားပုံ မတူကြဘူး။

၄။ အတွေးအလေ့အကျင့်

ဒီအချက်က အရေးကြီးဆုံး ဖြစ်နိုင်တယ်။

အကယ်၍ နေ့တိုင်း
“ငါမတော်ဘူး။”
“လူတွေ ငါ့ကို မကြိုက်ဘူး။”
“ငါလုပ်လည်း မအောင်မြင်ဘူး။”
ဆိုတဲ့ အတွေးတွေကို ထပ်ခါထပ်ခါ တွေးနေမယ်ဆိုရင်
ဦးနှောက်က အဲဒီလမ်းကြောင်းကို
ပိုသန်မာလာပြီး နောက်ဆုံးမှာ
အဲဒီခံစားချက်က ကိုယ့်ရဲ့
ပုံမှန်အခြေအနေလို ဖြစ်သွားနိုင်တယ်။

အပြန်အလှန်အားဖြင့်—
“ဒီအရာက ယာယီပဲ။”
“ငါဘာသင်ယူလို့ရမလဲ။”
“နောက်တစ်ခါ ပိုကောင်းအောင် လုပ်မယ်။”
ဆိုတဲ့ အတွေးတွေကို အလေ့အကျင့်လုပ်ရင်
ဦးနှောက်က တဖြည်းဖြည်း
စိတ်ခံစားမှုအသစ်ကို သင်ယူလာတယ်။

ဒါဆို Emotional Pattern ကို ပြောင်းလို့
ရပါတယ်။

ဒါပေမယ့် Motivation Video တစ်ပုဒ် ကြည့်ရုံနဲ့ မဟုတ်ဘူး။

နေ့စဉ်တွေးပုံ၊ အဓိပ္ပာယ်ဖွင့်ပုံ၊
အပြုအမူ၊ အိပ်စက်မှု၊ လေ့ကျင့်ခန်း၊
Mindfulness နဲ့ ပတ်ဝန်းကျင်ကို
အချိန်ကြာကြာ ပြောင်းလဲသွားတဲ့အခါ…

ဦးနှောက်ကလည်း ပြောင်းလဲတတ်ပါတယ်။

အဲဒါကို Neuroplasticity လို့ ခေါ်တယ်။

ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့
ဘဝအရည်အသွေးကို ဆုံးဖြတ်ပေးတာဟာ
ဖြစ်ရပ်တွေ မဟုတ်ဘူး။
ဖြစ်ရပ်တွေကို သူ ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲဆိုတာပဲ။

အဓိပ္ပာယ်ဖွင့်ပုံက အတွေးကို ဖန်တီးတယ်။
အတွေးက ခံစားချက်ကို ဖန်တီးတယ်။
ခံစားချက်က အပြုအမူကို ဖန်တီးတယ်။
အပြုအမူက အလေ့အကျင့် ဖြစ်လာတယ်။
အလေ့အကျင့်က ကိုယ့်ရဲ့ Emotional Pattern ဖြစ်လာတယ်။

သင် ဘဝကို မပြောင်းနိုင်သေးခင်
ကိုယ့်ရဲ့ Emotional Pattern ကို ပြောင်းနိုင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​