Personal ဒီလိုကြုံဖူးလား?
“ဒီတစ်ခါတော့ ငါတကယ်ပြောင်းမယ်။”
ဆိုပြီး ဆုံးဖြတ်တယ်။
Gym အပ်တယ်။
စာအုပ်ဝယ်တယ်။
မနက်စောစောထတယ်။
ဒါပေမယ့်
ရက်ပိုင်း၊ လပိုင်းလောက်ကြာတော့
အရင်အကျင့်ကို ပြန်သွားတယ်။
ကျွန်တော်လည်း ဒီလိုပဲ ကြုံခဲ့ဖူးတယ်။
အရင်တုန်းက ထင်တာက
Willpower မလုံလောက်လို့။
နောက်မှ သိလာတာက
ပြောင်းရမှာက အမူအကျင့် မဟုတ်ဘူး။
Identity ဖြစ်တယ်။
Atomic Habits စာအုပ်ထဲမှာ James Clear က
“True behavior change is identity change.”
လို့ ရေးထားတယ်။
ဒီအယူအဆက Motivation သက်သက် မဟုတ်ပါဘူး။
Psychology မှာ Professor Daphna Oyserman ရဲ့
Identity-Based Motivation Theory သုတေသနအရ
လူတွေဟာ ကိုယ့် Identity နဲ့ ကိုက်ညီတဲ့
အပြုအမူတွေကို ပိုရွေးချယ်တတ်ကြတယ်။
Identity က ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးတယ်။
Neuroscience ဘက်ကလည်း
ဦးနှောက်ဟာ ကိုယ်အရေးကြီးတယ်လို့
ယုံကြည်ထားတဲ့ အရာတွေကို
ပိုသတိထားတတ်တယ်။
အဲဒီယုံကြည်ချက်နဲ့ ကိုက်ညီတဲ့
အတွေးနဲ့ အပြုအမူကို ထပ်ခါထပ်ခါ လုပ်တဲ့အခါ
Neuroplasticity ကြောင့် ဦးနှောက်ရဲ့
ဆက်သွယ်မှုတွေ ပိုအားကောင်းလာတယ်။
ဒါကြောင့် ကျွန်တော် Identity ပြောင်းဖို့
နည်းလမ်းတချို့ကို နှစ်ပေါင်းများစွာ သုံးခဲ့တယ်။
Autosuggestion
Affirmation
Incantation
Visualization
ဒါပေမယ့် ကျွန်တော့်အတွက် အလုပ်ဖြစ်ဆုံး Script တစ်ခု ရှိတယ်။
အဲဒါက…
“ငါ အရင်ကတော့ ဒီလိုလုပ်တတ်တယ်။”
“ဒါပေမယ့် အခုတော့ မလုပ်တော့ဘူး။”
“ဘာကြောင့်လဲ?”
“ငါက အဲဒီလိုလူ မဟုတ်တော့ဘူး။”
ဥပမာ…
“ငါ အရင်က အချိန်ဆွဲတတ်တယ်။”
“ဒါပေမယ့် အခုတော့ အချိန်မဆွဲတော့ဘူး။”
“ဘာကြောင့်လဲ?”
“ငါက အချိန်တန်ဖိုးနားလည်သူဖြစ်သွားပြီ။”
ဒါမှမဟုတ်…
“ငါ အရင်က စာမဖတ်တတ်ဘူး။”
“အခုတော့ နေ့တိုင်းဖတ်တယ်။”
“ဘာကြောင့်လဲ?”
“ငါက စာဖတ်တဲ့တန်ဖိုးနားလည်တဲ့လူ
ဖြစ်သွားပြီ။”
ကျွန်တော် Incantation လုပ်တဲ့အချိန်မှာလည်း
ဒီ Script ကို အသံထွက်ပြောရုံတင် မဟုတ်ဘူး။
ကိုယ်ဖြစ်ချင်တဲ့ လူတစ်ယောက်အဖြစ် မြင်ယောင်တယ်။
အဲဒီလူလို ပြောတယ်။
အဲဒီလူလို ရပ်တယ်။
အဲဒီလူလို အသက်ရှူတယ်။
အဲဒီလူရဲ့ ခံစားချက်ကို ခံစားကြည့်တယ်။
ပြီးရင်
အဲဒီ Identity နဲ့ ကိုက်ညီတဲ့ Action အသေးလေးတစ်ခုကို
ချက်ချင်းလုပ်တယ်။
ဒါပေမယ့် သတိထားရမယ့် အချက်တစ်ခုတော့ ရှိတယ်။
Identity က ပြောရုံနဲ့ မပြောင်းဘူး။
Identity က လုပ်ရပ်တွေနဲ့ အတည်ပြုရတယ်။
နေ့တိုင်း လုပ်တဲ့ Action အသေးလေးတိုင်းက
“ငါက ဒီလိုလူပဲ။”
ဆိုတဲ့ Identity အတွက်
သက်သေတစ်ခု ဖြစ်လာတယ်။
ဒါကြောင့်
ဒီနေ့ကစပြီး
အကျင့်ကို ပြောင်းဖို့ မကြိုးစားပါနဲ့။
ကိုယ်ဘယ်လိုလူ ဖြစ်ချင်လဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပါ။
ပြီးရင်
အဲဒီလူလို နေ့တိုင်း တစ်ချက်ချင်း စပြီး
အသက်ရှင်ကြည့်ပါ။
Phyo Paing @ Derek