ငွေများများရှာဖူးတဲ့သူက
ငွေပိုမက်တယ်။
စာတော်တဲ့သူက
စာပိုတော်ချင်တယ်။
ပါဝါအရသာသိတဲ့သူက
ပါဝါကို ပိုရချင်တယ်။
ခန္ဓာကိုယ် ကြံ့ခိုင်သွားတဲ့သူက
ပိုကြံ့ခိုင်ချင်တယ်။
တိုးတက်တဲ့သူက
ပိုတိုးတက်ချင်တယ်။
မွေးရာပါမဟုတ်
ကြိုးစားပြီး ရသွားတဲ့အရသာကို
လူတွေ စွဲလမ်းသွားတတ်တယ်။
မွေးရာပါ ချမ်းသာခဲ့တဲ့သူက
စွဲလမ်းချင်မှ စွဲလမ်းလိမ့်မယ်။
ဒါပေမယ့် ကိုယ့်လက်ကိုယ့်ခြေနဲ့
ကြိုးစားပြီး ရလာတဲ့ အရသာကို
လူတွေက ပိုစွဲလမ်းသွားကြတယ်။
Phyo Paing @ Derek