ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့
အမြဲယုံကြည်ထားတယ်။
ကိုယ်နဲ့သိတဲ့သူတွေကိုလဲ
ကိုယ့်အသိပညာ၊ အတတ်ပညာ
စွမ်းသလောက်အကုန်ကူညီပေးတယ်။
ကိုယ်ချစ်တဲ့သူတွေကို
ကာကွယ်ပေးတယ်။
တာဝန်ယူတယ်။
ကိုယ်နဲ့သိလို့ ဆိုးကျိုးဖြစ်သွားတာမရှိအောင်
အမြဲဂရုစိုက်သလို
တွေ့တိုင်းလဲ တိုးတက်အောင်ကူညီတယ်။
ဘဝကိုတော့ ဒီလိုပဲဖြတ်သန်းတယ်။
မိဘ၊ မောင်နှမ၊ သားသမီး၊
သမီးရည်းစားလင်မယား၊
လုပ်ငန်းပါတနာ၊
ကိုယ့်ဆီဝယ်တဲ့သူ၊
ဝန်ထမ်း၊ အသိမိတ်ဆွေ၊
ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် အကုန်တူတူပဲ။
ကိုယ့်ကိုကိုယ်တော့ ဆုလဒ်လို့ပဲ
အမြဲစဥ်းစားတယ်။
Phyo Paing @ Derek