Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။
ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ
Quality of life ကို မြင့်အောင်နေဖို့ပဲ။

အကြည်ဓာတ်အပြည့်နဲ့နေနိုင်တာ

၁။ ခေါင်းထဲမှာ ကိုယ်သွားချင်တဲ့
ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲရှိတယ်။
ဒီအတွက်ပဲ နေ့စဥ်ကြံဆတယ်။

၂။ အကျိုးမရှိတဲ့သူနဲ့မပေါင်းဘူး။
အကျိုးမရှိတဲ့နေရာမသွားဘူး။
အကျိုးမရှိတဲ့ အတွေးမတွေးဘူး။

၃။ တစ်မိနစ်ထက်ပို စိတ်ညစ်မခံဘူး။
တစ်မိနစ်အတွင်း မကောင်းတဲ့ခံစားချက်ကိုရှင်းတယ်။

၄။ နေ့စဥ် တော်၊ ပျော်၊ ပွား၊ ပေးဖြစ်ရမယ်။
တော်ရမယ်၊ ပျော်ရမယ်၊ ဝင်ငွေတိုးပွားရမယ်၊
ကိုယ့်မှာရှိတာ ဥပမာ အသိပညာ မျှဝေပေးနိုင်ရမယ်။

၅။ နေ့စဥ်လည်ပတ်မှု အမူအကျင့်ကောင်း
ပြုစုပျိုးထောင်ထားတယ်။

၆။ ဘဝရဲ့အကောင်းဆုံးတစ်ရက်တာ
ဘယ်လိုကုန်ဆုံးမလဲ ideal day ကို
ကြိုစဥ်းစားထားတယ်။
ဘဝကိုလဲ နေ့စဥ် အဲ့လိုနေထိုင်နိုင်အောင်
စီမံထားတယ်။

၇။ ကိုယ့်မိသားစု၊ ကိုယ်နဲ့သက်ဆိုင်သူတွေအပေါ်
တာဝန်ကျေအောင်နေတယ်။
ကျန်တာ တခြားသူတွေရဲ့တာဝန်ပဲ။

အားလုံးနောက် နှစ် ၇၀ လောက်ဆို
သေကုန်ပြီ။

ဘာတွေ ရှုပ်ပြီးတွယ်တာခံစားနေမလဲ။
ဘဝအတွေ့အကြုံကို ကောင်းကောင်းယူ
Quality of life ကို မြင့်အောင်နေဖို့ပဲ။
ဒီဘဝကုန်ဆုံးလို့ energy စွမ်းအင်တစ်ခုအနေနဲ့
ဆက်လွင့်ရရင်
ကောင်းမွန်တဲ့ စွမ်းအင်အနေနဲ့ပဲ လွင့်ချင်တယ်။
ကုသိုလ် အင်နာဂျီလို့ခေါ်ခေါ်
ဘာလို့ခေါ်ခေါ် အဲ့လိုလေးပဲဆက်လွင့်ချင်တယ်။

Phyo Paing @ Derek

Share Your Idea!​