Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပညာက လမ်းမှန်ကို မြင်စေတယ်။
သီလက လုပ်ရပ်ကို ထိန်းညှိပေးတယ်။
သမာဓိက စိတ်ကို တည်ကြည်စေတယ်။

အတွေးတွေမှာ စွမ်းအားတွေရှိတယ်။
ဒီအတွေးတွေကို စုစည်းနိုင်ဖို့လိုတယ်။
ဒီအတွေးတွေကို စုစည်းနိုင်တာကို
သမာဓိလို့ခေါ်တယ်။

အတွေးတွေ စုစည်းနိုင်ရင်
လေဆာလို ကိုယ့်ဆန္ဒရှိတာကို
အာရုံပြုလို့ရတယ်။
ဒီပုံစံနဲ့ မနောကံကို ပွားများလို့ရတယ်။

သာမန်လူအများစုရဲ့ အတွေးတွေက
ပြန့်ကျဲနေတယ်။
ဗရမ်းဗတာဖြစ်နေတယ်။

လိုချင်တာတွေထက်
မလိုချင်တာတွေ တွေးနေတယ်။
အဖြေရှာစိတ်ထက်
အပြစ်တင်လိုစိတ်တွေ များနေတယ်။

ကိုယ့်မှာရှိတဲ့ စိတ်စွမ်းအားတွေကို
အလဟဿ မသုံးမိဖို့
ဗုဒ္ဓဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါးနဲ့
ချိတ်ဆက်ကြည့်လို့ရတယ်။

စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်။
သိပြီးသားဆို ဒီမှာရပ်လဲရပါတယ်။

ပထမဆုံး သမ္မာဒိဋ္ဌိ။
မှန်ကန်တဲ့ အမြင်ရှိဖို့လိုတယ်။

အမြင်မှားနေရင်
အတွေးတွေ ဘယ်လောက်စုစည်းစုစည်း
ဦးတည်ရာမှားနေနိုင်တယ်။

လေဆာတစ်ခုလိုပဲ။
စွမ်းအားဘယ်လောက်ပြင်းပြင်း
ပစ်မှတ်မှားနေရင်
လိုချင်တဲ့ရလဒ် မရနိုင်ဘူး။

ဒုတိယ သမ္မာသင်္ကပ္ပ။
မှန်ကန်တဲ့ ကြံစည်တွေးတောမှု။

ကိုယ့်စိတ်ထဲမှာ
ဘယ်လိုအတွေးတွေကို မွေးမြူနေလဲ။

သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်လား။
ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ချင်တဲ့စိတ်လား။

အတိတ်ကို နောင်တရနေတဲ့စိတ်လား။
အနာဂတ်ကို ဖန်တီးချင်တဲ့စိတ်လား။

အတွေးတိုင်းဟာ
ကိုယ့်ရဲ့ အာရုံစိုက်မှုကို အသုံးပြုနေတယ်။

အာရုံစိုက်မှုဟာ အကန့်အသတ်ရှိတယ်။
မလိုအပ်တဲ့အတွေးတွေနဲ့ ပြည့်နေရင်
အရေးကြီးတဲ့အရာတွေအတွက်
အာရုံစိုက်ဖို့ ခက်ခဲလာတယ်။

တတိယ သမ္မာဝါစာ။
မှန်ကန်တဲ့ စကားပြောခြင်း။

စိတ်ထဲမှာရှိတဲ့ အတွေးတွေဟာ
စကားလုံးတွေအဖြစ် ထွက်လာတတ်တယ်။

နေ့တိုင်း ညည်းညူနေတဲ့သူဟာ
ပြဿနာတွေကိုပဲ ထပ်ခါထပ်ခါ
အာရုံစိုက်မိတတ်တယ်။

နေ့တိုင်း အဖြေရှာဖို့ မေးခွန်းထုတ်တဲ့သူဟာ
ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို
ပိုပြီး သတိထားမိလာနိုင်တယ်။

စကားလုံးတွေဟာ
ကိုယ့်အတွေးအခေါ်ကိုလည်း
ပြန်လည်လွှမ်းမိုးတတ်တယ်။

စတုတ္ထ သမ္မာကမ္မန္တ။
မှန်ကန်တဲ့ လုပ်ရပ်။

တွေးရုံနဲ့ ဘဝမပြောင်းဘူး။
လုပ်ရပ်တွေ ပြောင်းဖို့လိုတယ်။

အတွေးက လမ်းညွှန်တယ်။
လုပ်ရပ်က ရလဒ်ကို ဖန်တီးတယ်။

ပဉ္စမ သမ္မာအာဇီဝ။
မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်း။

ကိုယ့်ရဲ့ အရည်အချင်းနဲ့ စွမ်းအားတွေကို
ဘယ်လိုအလုပ်အတွက် အသုံးချနေလဲ။

ကိုယ့်အတွက်တစ်ခုတည်းမဟုတ်ဘဲ
သူတစ်ပါးကိုပါ အကျိုးပြုတဲ့
အသက်မွေးဝမ်းကျောင်း ဖြစ်ဖို့လိုတယ်။

ဆဋ္ဌမ သမ္မာဝါယာမ။
မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု။

စိတ်ထဲကို ဝင်လာတဲ့ အတွေးတိုင်းကို
လိုက်တွေးနေစရာ မလိုဘူး။

မကောင်းတဲ့ စိတ်အခြေအနေတွေ
မဖြစ်ပေါ်လာအောင် ကာကွယ်တယ်။
ဖြစ်ပေါ်လာရင် လျော့ပါးပျောက်ကင်းအောင် ကြိုးစားတယ်။

ကောင်းတဲ့ စိတ်အခြေအနေတွေ
ဖြစ်ပေါ်လာအောင် မွေးမြူတယ်။
ဖြစ်ပေါ်ပြီးသားတွေကို ဆက်လက်တိုးပွားစေတယ်။

ဒါဟာ ကိုယ့်စိတ်ကို
ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခြင်းပဲ။

သတ္တမ သမ္မာသတိ။
မှန်ကန်တဲ့ သတိရှိခြင်း။

ကိုယ်ဘာတွေးနေလဲဆိုတာ
ကိုယ်သိဖို့လိုတယ်။

ဒေါသထွက်နေတာကို သိတယ်။
ကြောက်နေတာကို သိတယ်။
စိုးရိမ်နေတာကို သိတယ်။

အတွေးတစ်ခု ပေါ်လာတိုင်း
အဲဒီအတွေးနောက်ကို
လိုက်သွားစရာ မလိုဘူး။

အတွေးကို သိမြင်နိုင်လာတာနဲ့
အတွေးရဲ့ လွှမ်းမိုးမှုအောက်ကနေ
လွတ်မြောက်ဖို့ အခွင့်အလမ်းရှိလာတယ်။

အဋ္ဌမ သမ္မာသမာဓိ။
မှန်ကန်တဲ့ တည်ကြည်မှု။

ပြန့်ကျဲနေတဲ့စိတ်ကို
တစ်နေရာတည်းမှာ တည်ငြိမ်အောင်
လေ့ကျင့်ခြင်းဖြစ်တယ်။

နေရောင်ခြည်ဟာ
နေရာအနှံ့ ပြန့်ကျဲနေတယ်။

မှန်ဘီလူးနဲ့ စုစည်းလိုက်ရင်
အပူကို တစ်နေရာတည်းမှာ
ပိုပြီး စုစည်းနိုင်တယ်။

စိတ်လည်း အလားတူပဲ။

အာရုံတွေ ပြန့်ကျဲနေရင်
အလုပ်တစ်ခုကို ထိထိရောက်ရောက်
လုပ်ဖို့ ခက်ခဲတယ်။

အာရုံစိုက်နိုင်စွမ်း တိုးတက်လာရင်
သင်ယူမှု၊ ဆုံးဖြတ်ချက်ချမှုနဲ့
လုပ်ဆောင်မှုတွေမှာ
ပိုပြီး ထိရောက်လာနိုင်တယ်။

ဒါပေမဲ့ သမာဓိဆိုတာ
လိုချင်တာကို မရမကရအောင်
စိတ်နဲ့ ဆွဲယူခြင်း မဟုတ်ဘူး။

စိတ်ကို တည်ငြိမ်စေပြီး
အရာတွေကို ပိုမိုရှင်းလင်းစွာ
သိမြင်နိုင်ဖို့ ဖြစ်တယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုရှိတယ်။

စိတ်စွမ်းအားရှိဖို့ထက်
စိတ်စွမ်းအားကို ဘယ်လိုအသုံးပြုမလဲဆိုတာ
ပိုအရေးကြီးတယ်။

အာရုံစိုက်မှုကောင်းတဲ့သူတစ်ယောက်ဟာ
မှားယွင်းတဲ့ ရည်ရွယ်ချက်တစ်ခုကိုလည်း
အလွန်ကြိုးစားနိုင်တယ်။

ဒါကြောင့် သမာဓိတစ်ခုတည်းနဲ့ မလုံလောက်ဘူး။
ပညာလည်း လိုတယ်။
သီလလည်း လိုတယ်။

ပညာက လမ်းမှန်ကို မြင်စေတယ်။
သီလက လုပ်ရပ်ကို ထိန်းညှိပေးတယ်။
သမာဓိက စိတ်ကို တည်ကြည်စေတယ်။

Phyo Paing @ Derek

Share Your Idea!​