လူတစ်ယောက်က
သူ့ရဲ့ဖြစ်နိုင်စွမ်းကိုမြင်သွားပြီးရင်
အငြိမ်အချိန်ဖြုန်းပြီးမနေနိုင်တော့ဘူးတဲ့။
ဒါကတော့အမှန်ပဲ။
ကျွန်တော်ကတော့ အနာဂတ်ကို
ရင်ခုန်တယ်။
နေ့စဥ် တစ်လှမ်းချင်းသွားနေတယ်။
နောက် ၁၀ နှစ်၊ အနှစ် ၂၀၊ ၃၀ ကျလို့
မသေကြသေးရင်
ဘယ်လိုဖြစ်နေမလဲ ရင်ခုန်ဖို့ကောင်းတယ်။
အနာဂတ်မှာ ကျန်းမာမယ်၊ ပိုက်ဆံရှိမယ်ဆို
အနာဂတ် အသက် ၇၀ က
ဒီနေ့ရက် အသက် ၃၀ ဖြစ်လာမှာ
ရာခိုင်နှုန်းများတယ်။
ဒီနေ့ကတည်းက ကျန်းမာအောင်လုပ်။
ပိုက်ဆံရှာ၊ ပွား။
အန္တရာယ်ကို စီမံခန့်ခွဲမှုလုပ်။
နေရာတစ်ခု၊ နိုင်ငံတစ်ခုတည်းမှာပဲ
အနာဂတ်အကုန်ရင်းနှီးမြုပ်နှံမှုမလုပ်ထားနဲ့။
ဒါမှ အနာဂတ်က ရင်ခုန်ဖို့ကောင်းမယ်။
Phyo Paing @ Derek