၁။ စူးစိုက်မှု မရှိလို့
တခါတလေ ဘဝမှာ idea တွေများပြီး လုပ်ချင်တာတွေများတယ်။ လုပ်ချင်တာတွေများလာလေလေ၊ ဘယ်ကစရမှန်းမသိလေလေ။ စားတယ်။ အကောင်းဆုံးကတော့ industry တစ်ခု ကို အခြေခိုင်အောင်စူးစိုက်ပြီးလုပ်ရမယ်။ ဥပမာ ကျွန်တော် Education Business လုပ်တယ်။ Business Education သင်တယ်။ စဉ်းစားကြည့်ရင် ဟုတ်သလိုလိုပဲ။ What business are you in? ဆိုတော့ I am in the education business. မဟုတ်ဘူး။ စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို What business are you really in? ဆိုတော့ I am in the “Human Development” Business. HDI (Human Development Index) နည်းတဲ့ ကျွန်တော်တို့လို Third World Country မှာ လူတွေကိုကူညီနိုင်တဲ့အတွက် ဂုဏ်ယူမိတယ်။
2. စဉ်းစားတာများလို့
အတွေးများနဲ့ ချာချာလည်။ ဒါက Analysis Paralysis ဖြစ်တတ်တဲ့သဘော။ Investment ပမာဏ အရမ်းမများဘူး။ နောက်ဆုံးအဆုံးသတ်မည့် The End ကိုစဉ်းစားပြီးရင် စသာစလိုက်။ ခုမှ လုပ်ငန်းစလုပ်မည့်သူတွေအတွက် စီးပွားရေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်လာတာနဲ့တူချင်မှာ တူမှာ။ ဘာ့ကြောင့်လဲ ? စီးပွားရေးဆိုတာ ကိုယ့်အတွက်လုပ်တာမှန်ပေမယ့် အရေးကြီးဆုံးက ဖောက်သည်တွေရဲ့ ပြသနာဖြေရှင်းပေးတာဖြစ်တယ်။ ခေါင်းမမာနဲ့။ စလုပ်။ ပြုပြင်ပြောင်းလဲစရာရှိတာပြောင်း။
၃. မကြောက်နဲ့
အကြောက်တရားက ဘယ်ကလာလည်းဆို နှိုင်းယှဉ်မှုကလာတယ်။ အောင်မြင်နေတဲ့သူတွေနဲ့နှိုင်းယှဉ်တယ်။ ခရိုနီလို မြန်မာ့အချမ်းသာဆုံးဖြစ်ရင်ကောင်းမယ်စဉ်းစားတယ်။ လုပ်ငန်းအကြီးကြီးလုပ်နေတဲ့သူတွေကို ကြည့်တယ်။ ကိုယ့်အလုပ်ကိုကိုယ်အထင်မကြီးတော့ဘူး။ ဘယ်လောက်ကြီးတဲ့လုပ်ငန်းဖြစ်ဖြစ် သေးသေးလေးကစခဲ့တာ။ နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်နေရင် ကိုယ်လည်း သူ့ထက်မကြီးဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မကြောက်နဲ့။ ကိုယ့်ကိုကိုယ်အထင်မသေးနဲ့။
4. အမြဲနားမနေနဲ့
Idle Bain is the devil’s workshop ပဲ။ နားနေရင် အဖျက်အတွေးတွေပဲ ဝင်တတ်တယ်။ စာအုပ်ကောင်းကောင်းတွေဖတ်။ ကိုယ့်ထက်တစ်ခုခုတော်တဲ့သူတွေနဲ့ပေါင်း။ ကိုယ့်ကိုကိုယ် အရမ်းအမြဲမသနားနေနဲ့။ မြန်မာပြည်မှာ အလုပ်လုပ်လွန်းလို့သေတဲ့မသာ မကြာဖူးသေးဘူး။
5. ပျော်ရွင်မှုကို အပြင်မှာ မရှာနဲ့။
ပြသနာတို့ရဲ့အရင်းခံဟာ စိတ်ဖြစ်တယ်။ အမေကတော့ အဘိဓမ္မာတက်ဖို့ ဗန်းမော်မြို့ ကံဦးကျောင်းဆရာတော်ဆီခေါ်သွားလို့ နှစ်ရက်တက်လိုက်ရတယ်။ ဟဲ့တကာလေး စိတ်ဆိုတာ ဒီအတိုင်းနေတာ။ စေတသိက်တွေ ခြယ်လှယ်လို့ ပူလောင်ရတာတဲ့။ ထားပါတော့။ ပြောချင်တာက ပျော်ရွင်မှုကို အပြင်က ရှာလို့မရဘူး။ အတွင်းကပဲရှာ။ Vietnamese Nun Thich Nhat Hnah ကတော့ There is no way to happiness. Happiness is the way. တဲ့။ Motivation ရချင်ရင် NLP, CBT, EFT အစရှိသည်များကို လေ့လာပါ။ ငြိမ်းချမ်းမှု ရချင်ရင် တရားထိုင်ပါ။ တရားစခန်း နှစ်ခါလောက်ဝင်ဖူးတယ်။ တန့်ကြည်တောင်နဲ့ ဗန်းမော်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနဲ့။ တရားထိုင်နည်းတွေအများကြီးရှိတယ်။ အဲ့ထဲမှာ ကိုယ်နဲ့အဆင်ပြေဆုံးကတော့ TM. Transcendent Meditation.
အမှန်တော့ လူတိုင်းဟာ ဧည့်သည်တွေပဲ။ လူတိုင်းမှာ Insecurity တွေရှိတယ်။ သူတို့ကိုစာနာပေးပါ။
နောက်တစ်ခုက အောင်မြင်မှုဆိုတာ အစိုးမရဘူး။ အိမ်ငှားသလိုပဲ။ အချိန်တန်လို့မကြိုးစားရင် ပြန်ပေးရလိမ့်မယ်။
Phyo Paing @ Derek