ပုံမှန်အားဖြင့် US သမ္မတတွေအားလုံးဟာ Rule of Strategy ကိုလိုက်နာလေ့ရှိတယ်။
ဥပမာအားဖြင့်
၁. မဟာဗျူဟာတစ်ခုအတွက် ရည်မှန်းချက်ပန်းတိုင်ရှိရမယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြိုင်ဖက်တွေ၊ မဟာမိတ်တွေသိမှ အပေးအယူလုပ် Strategy ဆွဲလို့ရမယ်။ Game Theory အရ well-defined outcome ရှိရမယ်။
၂. မဟာမိတ်တွေကို စုစည်းပြီး၊ အခက်ခဲများကို ကျော်ဖြတ်ရမယ်။
၃. တတိယမဟာဗျူဟာစည်းမျဉ်းကတော့ ကိုယ့်ကိုတိုက်ခိုက်လာရင် ကိုယ်ကပြန်တုန့်ပြန်မှုက ပြိုင်ဖက်ကို ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်စေရမယ်။ ရွေးချယ်စရာလမ်းပေးရမယ်။
Donald Trump ကတစ်ခုမှ မလိုက်နာဘူး။
အမှန်တော့ Donald Trump ဘာလုပ်နေလဲ နားမလည်တာနဲ့ သတင်းတွေဖတ် Research လုပ်ကြည့်ရင်း အရင်ကဖတ်ဖူးတဲ့ 48 Laws of Power နဲ့ ချိတ်ဆက်ကြည့်တော့မှ သူဘာလုပ်နေလဲသိလာတယ်။ Power Law ကစားနေတာ။ စာရေးဆရာ Robert Greene ရဲ့ 48 Laws of Power ထဲက လေးခုနဲ့ ဆက်စပ်ပေးချင်တယ်။
၁. Conceal Your intention သင်ဘာလိုချင်လဲဆိုတာ ဖွတ်ထားပါ။
Donald Trump သမ္မတရွေးကောက်ပွဲပြိုင်တုန်းကလည်း အလားတူပါပဲ။ တကယ်ပြိုင်မှာလား၊ ဟာသလုပ်နေတာလား ပြိုင်ဖက်တွေက မသဲကွဲတဲ့အတွက် သူ့ကို လျော့တွက်ခဲ့ကြတယ်။ သမ္မတ စဖြစ်တော့လည်း Taiwan သမ္မတနဲ့ဖုန်းပြောပြီ တရုတ်ရဲ့ အကြောက်ဆုံး One China Policy ကို နားမလည်သလိုလိုနဲ့ စလိုက်တယ်။ မကြာဘူး တရုတ်သမ္မတ US လာတော့ အဆင်တွေပြေလို့ နောက်မကြာဘူး တရုတ်နဲ့ Trade War စတယ်။ Donald Trump ဘာဖြစ်ချင်တာလည်းကို စဉ်းစားရင်း တိုင်ပတ်ကြရတယ်။
၂. Never Put Too Much Trust in Friends, learn how to use enemies သင့်မိတ်ဆွေ၊ မဟာမိတ်တွေကို အရမ်းမယုံပါနဲ့။ ရန်သူကိုအသုံးချတတ်အောင်လေ့လာပါ။
US ရဲ့ အဓိက မဟာမိတ်တွေနဲ့ တဖြည်းဖြည်းခွာပြီး မြောက်ကိုရီးယား၊ ရှရှားတို့နဲ့ ဆက်ဆံရေးတည်ဆောက်လာတာ။ ကနေတာနဲ့ ကိစ္စ တာတွေကိုင်တွယ်တာ စလုံးကိုဝေဖန်တာတွေ ကြည့်ရင် Donald Trump အနေနဲ့ ဒီ Power Law တွေကို အသုံးချနေတာ တွေ့ရမှာပါ။
၃. Keep others in suspended terror, cultivate an air of unpredictability အကြောက်တရားနဲ့ ခန့်မှန်းလို့မရမှုတွေနဲ့ ထားပါ။
မူစလင်နိုင်ငံတွေကို Visa စပိတ်တယ်။ ပြီးတော့ပြန်ဖွင့်တယ်။ Donald Trump အနေနဲ့ Trans-Pacific Partnership (TPP) Deal ကို ရပ်ဆိုင်းလိုက်တယ်။ ပြီးတော့ ပြန် Join ဖို့ စဉ်းစားတယ်။ မြောက်ကိုးရီးယားနဲ့တွေ့မယ်ပြောတယ်။ ပြန်ဖျက်တယ်။ ပြန်တွေ့မယ်ပြောတယ်။ UN ကိစ္စမှာလည်းအလားတူပဲ။
၄. Court attention at all costs ဘယ်နည်းနဲ့ဖြစ်ဖြစ် လူတွေရဲ့ အာရုံစိုက်မှုရယူပါ။
တွစ်တာမှာ သမ္မတာဖြစ်ပြီး လျှောက်တင်နေတာတွေ့မှာပါ။ Sensational ဖြစ်တဲ့အရာ အငြင်းပွားစေတဲ့အရာတွေပြောပြီး Media တွေထဲမှာ နာမည်အမြဲပါနေအောင်လုပ်တယ်။
Phyo Paing @ Derek