Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Copywriting

ကြော်ငြာရေးနည်း

အရင်က Facebook မှာ $20 လောက်ကြော်ငြာရင်ရတဲ.ငွေသားဟာ ယနေ.မှာ $200 လောက်ကုန်ပါတယ်။ ဒါ.ကြောင်. Facebook ကြော်ငြာတွေမှာ engagement ကောင်းအောင် sales conversion ပိုရောင်းကောင်းအောင် copywriting ရေးတတ်ဖို.လိုလာပါပြီ။

ကုန်ပစ္စည်းတွေမှာလည်း လူတွေလိုဘဲ ကိုယ်ရည်ကိုယ်သွေး personality ရှိပါတယ်။ ဥပမာ iPhone, Samsung S8, Xiaomi Mi6, Huawei P10 ဖုန်းချင်းတူပေမယ်. personality ချင်းမတူပါဘူး။

Copywriting 101 မှာ ကုန်ပစ္စည်းအကြောင်းနဲ.စလိုက်ပါတယ်။

Product Description
ကိုယ်.ကုန်ပစ္စည်းနဲ. ပတ်သက်လို.ဖော်ပြဖို.လိုလာပြီ။ စာရွက်သို. Microsft Word မှာရေးဖို.လိုလာပါပြီ။

1. ကိုယ်. Product ကိုဘယ်လိုပုံဖော်မလည်း?

စာနှစ်ကြောင်းလောက်နဲ့ဖော်ပြဖို့ လိုပါတယ်။ ဥပမာ လက်ရှိဖွင်.နေတဲ. GMP (Guerrilla Marketing Plan) သင်တန်းဆိုပါတော. ကိုယ်တိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ. စျေးကွက်ဖောက်နည်းဗျူဟာများပါဝင်သည့် Marketing သင်တန်း။

2. ဒီ Product ကဘာတွေထူးခြားသလည်း?

လူတွေရဲ. Psychology စိတ်ပညာတွေကိုအခြေခံထားပြီး လုပ်ငန်းငယ်၊ လတ်၊ ကြီး အရွယ်သုံးပါအသုံးပြုနိုင်တယ်။

3. ဒီ Product က ဘာအကျိုးကျေးဇူးတွေပေးသလည်း ?

Weapon ကျည်ဆံ အခု ၁၀၀ ပါဝင်တဲ. low cost, high impact တန်ဖိုးနည်းပြီး အကျိုးရလဒ်များတဲ. ရလဒ်တွေကို ယူဆောင်လာပေးတယ်။ အသုံးပြုရလွယ်ကူတယ်။

4. ဘယ်ပြသနာတွေကို ဖြေရှင်းပေးသလည်း?

ကြော်ငြာစရိတ်အရမ်းကုန်တယ် မထိရောက်ဘူး၊ Facebook က ကြော်ငြာတယ် မထိရောက်ဘူး။ ဒီလိုပြသနာတွေဟာ အမြဲကြားနေရတဲ.စကားတွေဖြစ်တယ်။ GMP (Guerrilla Marketing Plan) ကတော. ဒါတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်တယ်။

5. ကုန်ပစ္စည်းတစ်ခုမှာ ပါဝင်တဲ. features နဲ. benefits တွေကိုတွဲရမယ်။ ဘာ လုပ်ဆောင်ချက်တွေပါဝင်သလည်း? ဘာ အကျိုးကျေးဇူးတွေရမလည်း?

GUERRILLA MARKETING နဲ.စတင်တဲ. ဗျူဟာ ၁၈ ခုပါဝင်ပါတယ်။ ဒီအတွက် အတန်းပြီးတဲ.အချိန်ဟာ စာအုပ်ပြန်ဖတ်စရာမလိုဘဲ အမြဲတန်းအလွယ်တကူ ပြန်အသုံးချနိုင်ပါတယ်။ ဥပမာ G – Give before you can get. Software ရောင်းတဲ့အခါ အသုံးချကြပါတယ်။ တစ်လ free ပေးတာမျိုး။

Story-telling နည်းစနစ်တွေပါဝင်ပြီး စျေးကွက်ဖောက်တဲ.အခါ brand story တစ်ခု ဘယ်လိုတည်ဆောက်မလည်းပါဝင်ပါမယ်။ ‘ဒါမှ လူတကာနဲ. communicate လုပ်နိုင်တဲ.အတွက် ကိုယ်. product ကို လူသိပိုများလာမှာဖြစ်ပါတယ်။

Copywriting 101 (2)
===============
Who are your customers?
ကမ္ဘာပေါ်မှာ အကောင်းဆုံးပစ္စည်းဆိုတာထက် customer အတွက် အသင့်တော်ဆုံးပစ္စည်းဆိုပိုမှန်ပါတယ်။ ကုန်ပစ္စည်းတစ်ခု မရောင်းခင်မှာ ကိုယ့်ရဲ့ customer ပုံစံ customer persona ကို သတ်မှတ်ဖို.လိုပါတယ်။
Copywriting ဆိုတာ customer နဲ.တိုက်ရိုက်စကားပြောခြင်းဖြစ်ပါတယ်။
ကိုယ့်ရဲ့ customer အကြောင်းသိဖို. မေးဖို့သို့ research လုပ်ဖို.လိုပါတယ်။ Research လုပ်လို့ရတဲ. နည်းလမ်းတွေထဲမှာ အလွယ်ကူဆုံးကတော.
1. မေးတာ (Interview)
2. စောင့်ကြည့်တာ (Observation)
3. Survey လုပ်တာ ဥပမာ Questionnaires များအသုံးပြု ပြီး online & offline မေးနိုင်ပါတယ်။ online မှာတော. Survey Monkey နဲ. Google Form အသုံးများပါတယ်။
တခြားနည်းလမ်းတွေ အများကြီးရှိသေးပေမယ်. ဒီနည်းလမ်းတွေက လုပ်ရလွယ်းပြီး အကျိုးထိရောက်မှု မြန်ပါတယ်။
Survey လုပ်တဲ့ခါ
၁. အလုပ်အကိုင်
၂. company
၃. မဝယ်ခင်ဘာတွေမေးလေ့ရှိသလည်းမေးခွန်းများ (နောက်ပိုင်းမှာ ဒါကို FAQ list ထဲထည်.နိုင်ပါတယ်။)
၄. ဒီ ကုန်ပစ္စည်းကို ဝယ်ဖို.တွန်းအားပေးသည့်အဓိက အကြောင်းအရင်း
၅. ဒီ ကုန်ပစ္စည်းမှာ ဘယ်လုပ်ဆောင်ချက်က customer အတွက် အဓိကဖြစ်မလည်း?
6. ဒီကုန်ပစ္စည်းကို အသုံးပြုပြီး ဘယ်အရာတွေကိုဖြေရှင်းဖို. စဉ်းစားထားလည်း? ဥပမာ Samsung Note သုံးခြင်းဖြင်. ဘောပင်နဲ.စာရွက်ဆောင်စရာမလိုဘဲ ဖုန်းနဲ. အလွယ်တကူ Note taking လုပ်လို့ရသလို။
၇. ကျွန်တော်တို. ကုန်ပစ္စည်းကို တခြားတစ်ယောက်ကို ရှင်းပြတဲ.အခါ ဘယ်လိုပြောပြမလည်း?
အစရှိသည်. Survey များပြီးသည့်အခါ မဲဖောက်ပေးတာမျိုး Incentives တစ်ခုလိုပါတယ်။ Random. org လိုမျိုးမှာ ရွေးချယ်မဲဖောက်ပေးတာမျိုးလုပ်ဆောင်နိုင်ပါတယ်။
ဒီကနေ ဘာတွေသလာနိုင်လည်းဆိုရင်
1. ကျွန်တော်တို့ဆီ လက်ရှိဝယ်နေတဲ.သူတွေ
2. ကျွန်တော်ဆိုဆီမှ နောက်customer ဖြစ်လာနိုင်တဲ့သူတွေ
3. ကျွန်တော်တို့ဆီ ဝယ်နေတဲ. customer နဲ.ပုံစံတူတဲ.သူတွေ ဥပမာ Facebook မှာလည်း Lookalike Customer ဆိုပြီးပါပါတယ်။
4. Customer တွေ ကိုယ့် product ကို ဘာ့ကြောင့် ကြိုက်နှစ်သက်သလည်း?
စီးပွားရေးတစ်ခုအတွက် အောင်မြင်မှုကို လုပ်ဆောင်ပေးနိုင်တာ Customer တွေဖြစ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​