2016 Facebook Page စဖွင့်တော့
ကိုယ့်ကို ဟာသလုပ်တဲ့ထဲမှာ
ဆေးကုမ္ပဏီမှာ အတူတူလုပ်
ဆေးကျောင်းအတူတူတက်ခဲ့တဲ့
သူငယ်ချင်း နှစ်ယောက်ပါတယ်။
ဆေးကုမ္ပဏီမှာတော့ promotion ရဖို့
ပြိုင်ကြတာပေါ့။
ကျွန်တော် စဥ်းစားတာက
သူများသတ်မှတ်ပေးထားတဲ့
ဘောင်ထဲမှာ မလုပ်ချင်တာနဲ့
အလုပ်ထွက်တာတောင် March လမှာ
ထွက်လိုက်တယ်။
အခမဲ့ ရမည့် April လစာလဲ
အလုပ်မလုပ်ပဲ သူများပိုက်ဆံမယူချင်ဘူး။
Japan ခရီးစဉ်လဲ မလိုက်ပဲ
ဆိုင်စဖွင့်တယ်။
အချိန်က ငွေထက်ပို အရေးကြီးတယ်လို့
ယူဆခဲ့တယ်။
ဆိုင်ဖွင့်တုန်းကလဲ
သူငယ်ချင်းတွေ အကုန်လာအားပေးကြတယ်။
သင်တန်းကျောင်းဖွင့်တော့လဲ
ဘာဆက်ဖြစ်မလဲ ကြည့်နေကြတယ်။
ကိုယ်တိုင် Page ဖွင့်တယ်။
နောက် training တွေလုပ်။
ရန်ကုန်သွား၊ ကုမ္ပဏီတွေ training ပေးဖြစ်တယ်။
သုံးနှစ်အတွင်း Facebook မှာ
သုံးခဲ့တဲ့ ကြော်ငြာစရိတ်ကို
$100000 တစ်သိန်းကျော်တယ်။
အကုန် Facebook က ရှာပေးထားတာ။
ပြန်စဉ်းစားကြည့်တာ။
ကိုယ်က လူအများစုရဲ့
ဘောင်ခတ်ထားတဲ့ အတွေးထက်
ကျော်လွန်စဉ်းစားတဲ့အခါ
လူတွေက လှန့်ဖြန့်သွားတတ်တယ်။
နောက် မဖြစ်နိုင်ဘူးပြောမယ်။
ကိုယ့်ကို ဝေဖန်မယ်။
ရူးနေတာ လို့ပြောမယ်။
ဥပမာ အသက် ၁၀၀ အထက်နေမယ်
ပြောကြည့်ကြည့်။
လူအများစုက ကွေးသောလက်မဆန့်မီ
Concept နဲ့ ပြန်ပြောလိမ့်မယ်။
တစ်သက်မှာ တစ်ခါလူလာလုပ်တာ
ဘာကြောင့် ဘောင်တွေခတ်ပြီး
တွေးကြောက်နေမလဲ။
Easy life မလိုဘူး။
Good life လိုတယ်။
Good life ဖြစ်ဖို့ ဘောင်တွေထဲက
ထွက်ရဲတဲ့ သတ္တိလိုတယ်။
Phyo Paing @ Derek