ဘဝရဲ့ life philosophy က
၁။ လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ။
ဘဝမှာ ခဏလူလာဖြစ်တုန်း
အချိန်တွေဖြုန်းပြီး
ဘဝကို ဖြစ်သလို မဖြုန်းလိုက်နဲ့။
ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးရမှာ
ကိုယ့်သမိုင်းပေးတာဝန်ပဲ။
ဒါမှ အသက်ထွက်တဲ့အချိန်
အတိတ်ကို ဂုဏ်ယူစွာနဲ့ပြန်ကြည့်နိုင်မှာ။
၂။ နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။
အချိန်ကို သေချာစီမံဖို့လိုတယ်။
သူများလုပ်တဲ့ပုံစံ လိုက်လုပ်စရာမလိုဘူး။
ကိုယ့်ဘဝ ကိုယ့်အထာပဲ။
အလိုလိုပေါက်တာ မြတ်ပင်ပဲရှိတယ်။
ပန်းကောင်းပန်းမံအတွက်
သေချာပြုစုပျိုးထောင်ဖို့လိုတယ်။
၃။ အရေးမပါတာကို
အရာမပေးနဲ့။
ကိုယ့်အတွက် အကျိုးမရှိတာကို
အချိန်ကုန်မခံနဲ့။
အရေးမပါတဲ့အလုပ်ကို
အကောင်းဆုံးလုပ်တာ
အချိန်ဖြုန်းတာပဲ။
၄။ အပြစ်မတင်နဲ့ အဖြေရှာ။
Victim မလုပ်နဲ့ Victor လုပ်။
ဒါမှ Victory ရမှာ။
၅။ ပြိုင်မငြင်းနဲ့ မေး။
လူတွေကို ငြင်းပြီးပြင်လို့မရဘူး။
ကိုယ့်အတွက် အကျိုးမရှိတာ
အချိန်ကုန်ခံမငြင်းနဲ့။
အရင်နားလည်အောင်မေး။
၆။ အမြင်မတူရင် အမြင့်မတူဘူး။
ဒါကြောင့်ပေါင်းတဲ့ လူ၊
နေတဲ့နေရာ၊
ခေါင်းထဲထည့်တဲ့အိုင်ဒီယာကိုသေချာရွေး။
၈။ လူတွေကို ပြင်ပေးဖို့ မကြိုးစားနဲ့။
ပျက်အစဉ် ပြင်မရ။
၉။ လူတွေနောက်မလိုက်နဲ့။
အိမ်မက်တွေနောက်လိုက်။
အချစ်နဲ့ဘဝ တည်ဆောက်လို့မရဘူး။
စနစ်နဲ့ပဲဘဝ တည်ဆောက်လို့ရတယ်။
၁၀။ ဘဝမှာ အတွေး၊ အကြံ၊ အလုပ်ကို
သေချာဂရုပြု။
ကိုယ့်ဘဝရလဒ်က
ဒီသုံးခုကြောင့်ဖြစ်လာတယ်။
၁၁။ အလုပ်ဆိုတာဘဝပဲ။
၁၂။ ကိုယ့်တာဝန် ကိုယ်ယူပါ။
မိဘ၊ လူမျိုး၊ နေရာ။
Phyo Paing @ Derek