အတွေးအခေါ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။
Monetize Your Moment လို့ခေါ်တယ်။
နေ့စဥ်လုပ်တဲ့အလုပ်တွေကို
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအနေနဲ့ပြောင်းတာ။
Chef တစ်ယောက်က သူအစားအသောက်
ပြင်ဆင်နေတာကို ဘေးက ဖုန်းနဲ့ပဲဖြစ်ဖြစ်
camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ထားပြီး
social media က ကြော်ငြာနဲ့သော်လည်းကောင်း
course တစ်ခုအနေဖြင့်သော်လည်းကောင်း
ပြောင်းလို့ရတယ်။
Gym trainer တွေဆိုရင်လဲ သူတို့
workout လုပ်နေတဲ့ video တွေကနေ
social following တို့၊
Facebook stars တို့အပြင်
နေ့စဥ် စားစရာပြင်ဆင်တာကို
ရိုက်ထားတာကနေ business တွေ
ဖြစ်ကုန်တယ်။
ကျွန်တော်လဲ training လုပ်တိုင်း
video လုပ်ထားတယ်။
ဒီကမှတစ်ဆင့် online courses တွေ
ဖြစ်သွားတယ်။
နေ့စဥ် စာဖတ်ပြီး မေ့သွားမည့်အစား
video ရိုက်ထားပြီး content ကို ပြန်ငှားတဲ့
contents as a service သွားလို့ရတယ်။
တစ်ရက်တစ်ရက် ဖြတ်သန်းမှုတွေကို
ဒီအတိုင်း အလဟသ ငွေတစ်ခုတည်းနဲ့
မကုန်ပါစေနဲ့။
Jack Ma ဆိုရင် 1999 လောက်ကတည်းက
အစည်းအဝေးလုပ်တာကို video ရိုက်ထားတယ်။
နောက်အောင်မြင်တော့ ဒါတွေက
အရမ်းကောင်းတဲ့ documentary တွေဖြစ်လာတယ်။
ဒီနေ့ခေတ်က လူတိုင်း ကိုယ့်ရဲ့
အခိုက်အတန့်တွေ့ကို monetize လုပ်လို့ရနေပါပြီ။
Monetize Your Moment
Phyo Paing @ Derek