Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Most Popular Posts

my lifework

Motivation?

Motivation မရှိ၊ အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်နေပါသလား?

ကျွန်တော်တို့ဟာ အတိတ်နဲ့ အမြဲတိုက်ပွဲဝင်နေရတယ်။ ဒီကနေ စိတ်ခံစားမှု emotion ဖြစ်လာတယ်။

လူတစ်ယောက်ဟာ တစ်ရက်ကို အတွေးပေါင်း ၇၀၀၀၀ ကျော် process လုပ်နေရတယ်လို့ Dr. Joe Dispenza ကဆိုတယ်။

အတိတ်ရဲ့ Program တွေကြောင့် Personality ဆိုတာဖြစ်လာတယ်။ ငါဒီနေ့ mood မကောင်းဘူး။ မနက်ထထချင်း စိတ်ညစ်စရာတွေစဉ်းစားတယ်ဆိုပါတော့ mood မကောင်းတာ တစ်လလောက်ဖြစ်လာတဲ့အခါ temperament ဖြစ်လာတယ်။ ဒါက နှစ်ရှည်လများ ကြာတဲ့အခါ personality ဖြစ်လာတယ်။

ဒါ့ကြောင့် Your Personality is your personal reality လို့ဆိုတယ်။

Mood ကိုပြောင်းချင်ရင် (တစ်နည်း NLP မှာတော့ State လို့ခေါ်တာပေါ့) အကြမ်းနည်းနဲ့ အနုနည်းလုပ်လို့ရတယ်။ NLP နည်းကတော့ Physiology ဇီဝကမ္မဖြစ်စဉ်ပေါင်းဖို့ ရေသောက်၊ posture နေထိုင်ပုံပြောင်း၊ စဉ်းစားပုံပြောင်းပေါ့။ အနုနည်းကတော့ အေးအေးဆေးဆေးထိုင်။ ဖုန်းတွေ ဘာတွေ အဝေးမှာထား။ အေးအေးဆေးဆေးထိုင်ပြီး ကိုယ့်အတွေးတွေကို ပြန်စမ်းစစ်တာ။ analytical mind လို့လည်း ဆိုတယ်။ တရားထိုင်။

နောက်တစ်ခုက Visualization ပုံဖော်ကြည့်။ မသိစိတ်က တကယ်ဖြစ်တာနဲ့ စိတ်ကူးယဉ်တာ ခွဲခြားနိုင်ခြင်းမရှိဘူးလို့ပြောတယ်။

ကဲ Visualize လုပ်ကြည့်ကြတယ်။
ကိုယ့်ကိုကိုယ် energetic ဖြစ်နေတဲ့ပုံ။
Feeling unstoppable ဖြစ်နေတဲ့ပုံ။
လန်းဆန်းတက်ကြွပြီး ပျော်ရွင်နေတဲ့ပုံ။

Phyo Paing @ Derek

Share Your Idea!​