Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Most Popular Posts

my lifework

Pain & Pleasure Principle

ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ
ဖြစ်ချင်တာပေါ်မူတည်ပြီးချတာရှိတယ်။​
အကြောက်တရားပေါ်မူတည်ပြီး
ရည်မှန်းချက်ပန်းတိုင်ချတာရှိတယ်။​

ဖြစ်ချင်တာပေါ်မူတည်ပြီးချတာကတော့
ရှင်းတယ်။
နောက်လေးငါးဆယ်နှစ်မှာ ဘာဖြစ်ချင်သလဲ။
ဒါကို personal, professional နဲ့ business
တိုးတက်ရေးအပိုင်းမှာ အသုံးပြုတယ်။
ဒါက အများစုသိထားတဲ့ goal setting ပေါ့။

နောက်တစ်နည်းက အကြောက်တရားပေါ်မှာ
မူတည်ပြီး ရည်မှန်းချက်ပန်းတိုင်ချတာကတော့
ကိုယ်မဖြစ်ချင်တဲ့အရာတွေကို
ရှောင်ရှားဖို့ ချတဲ့နည်းပေါ့။
ဒါကို Tim Ferriss က Fear setting ဆိုပြီး
ပြောတယ်။

ဖြစ်ချင်တာပေါ်မူတည်ပြီး ရည်မှန်းချက်ချတာကတော့
ကိုယ်ဖြစ်ချင်တာတွေက အချိန်နဲ့အမျှ
ပြောင်းလဲနေမှာ။
ငယ်ငယ်တုန်းကဆို အလုပ်ရချင်တယ်၊
မန်နေဂျာဖြစ်ချင်တယ်၊ လုပ်ငန်းဦးဆောင်သူဖြစ်ချင်တယ်၊
ဖြစ်ချင်တာတွေက ပြောင်းနေမှာ။

ကိုယ်မဖြစ်ချင်တဲ့အရာအပေါ်မူတည်ပြီး
ရည်မှန်းချက်ချနည်းကျတော့
ဥပမာ အသက်ကြီးတဲ့အခါ င weak မဖြစ်ချင်ဘူး။
ဒီတော့ အသက်ငယ်တုန်းမှာ testosterone များအောင်
ကြိုတင် လေ့ကျင့်ခန်းလုပ်ထားတာမျိုး။
ဆီးချို၊ သွေးတိုးနဲ့ နာတာရှည်ရောဂါမဖြစ်ချင်ရင်
အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုဂရုစိုက်
သေချာလုပ်ဆောင်တာမျိုး။

အသက်ကြီးမှ အထီးမကျန်ချင်ရင်
အပေါင်းအသင်နဲ့ မိသားစုသေချာတည်ဆောက်တာမျိုး။
ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်လို့
မခံစားရမှာဆိုးတဲ့အတွက်
တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိအောင်
လုပ်ဆောင်နေတာမျိုး။

ရည်မှန်းချက်ပန်းတိုင်ကို ဒီနှစ်နည်းနဲ့
အကြမ်းဖျင်းချမှတ်လို့ရတယ်။
ဒါကို Pain & Pleasure Principle လို့ခေါ်တယ်။
လူတွေရဲ့ limbic system လို့ခေါ်တဲ့
စိတ်ခံစားမှုအပိုင်း ဦးနှောက်က
ဒီ နာကျင်မှုနဲ့ ပျော်ရွင်မှုနှစ်ခုပေါ်မူတည်ပြီး
အလုပ်လုပ်တယ်။

Phyo Paing @ Derek

Share Your Idea!​