Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တရုတ်စာလေ့လာဖို့ အရမ်းကောင်းတဲ့ App တစ်ခု

တစ်ကမ္ဘာလုံးမှာ English လိုပြောတဲ့လူ
1.35 billion ရှိတယ်။
တရုတ်လို ပြောတဲ့လူ
1.31 billion ရှိတယ်။
ကမ္ဘာ့လူဦးရေ 7.9 Billion မှာ
2.66 billion က English နဲ့ တရုတ်လိုပြောတယ်။

ဒါဆို Utility value အရကြည့်မယ်ဆိုရင်
သတင်းအချက်အလက်ရှာဖွေဖို့၊
ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားတစ်ခု
စတင်လေ့လာဖို့ရွေးရမယ်ဆိုရင်
English ဖြစ်ပြီး ဒုတိယကတော့
Chinese ဖြစ်တယ်။

ဒါကတော့ စလုံးရဲ့ဖခင်ဖြစ်တဲ့
Lee Kuan Yew စဥ်းစားခဲ့တဲ့ပုံစံဖြစ်ပြီး
Bilingual Education နဲ့
တရုတ်နဲ့ အနောက်ကမ္ဘာကြားပွဲစားနိုင်ငံ
လုပ်ပြီး မဟာဗျူဟာကျကျ
တတိယနိုင်ငံတွေကြားထဲက
ပထမနိုင်ငံ အိုအေစစ်တည်ဆောက်သွားခဲ့တယ်။

Predictive Texting လို့ခေါ်တဲ့
ဒီနေ့ခေတ်မှာ ဘာစာကြောင်းကိုရိုက်ချင်လဲဆိုတာ
တရုတ်က နှစ်ပေါင်းများစွာကတည်းက
သုံးနေပြီးသားဖြစ်နေတယ်။

မော်စီတုန်းလက်ထက်မှာ computer ပေါ်က
QWERTY Keyboard ပေါ်တရုတ်စကားလုံးတွေ
ဆန့်အောင် ပညာရှင်တွေ စဥ်းစားကြံဆခဲ့ကြတယ်။
အဲ့အချိန်က တရုတ်ဆိုတာ လူအထင်မကြီးတဲ့အချိန်။

Bopomofo လို့ခေါ်တဲ့ Zhuyin ကို phonetics
အနေနဲ့ အသုံးပြုကြတယ်။​
ဒါကို အသံထွက် English Phonetics Style နဲ့
ပြောင်းလိုက်တယ်။
အဲ့မှာ ပြဿနာ solve ဖြစ်သွားတယ်​။
နောက်ပြီး တရုတ်စာလုံးတွေကို
Traditional Chinese ကနေ Simplified Chinese
ဆိုပြီး ပြောင်းခဲ့တယ်။​
ဒီလို ကိုယ့်ကိုကိုယ် ပြန် reinvent လုပ်ရဲတာဟာ
Chinese Civilization ကို နှစ်ပေါင်း ၅၀၀၀
ရှည်ကြာစေတဲ့ အချက်ပဲလို့ မြင်တယ်။​

ဒီအတွက်တွေက Taiwan (ROC), Hong Kong နဲ့
တခြား Oversea Chinese Community မှာ
Traditional Chinese ကို သုံးကြသေးပေမယ့်
တရုတ်ပြည်မမှာ မသုံးကြတော့ဘူး။

မော်စီတုန်းလက်ထက်က ထွင်ခဲ့တဲ့ Pinyin က
typing ရိုက်တဲ့ ပြဿနာကို ဖြေရှင်းစေခဲ့ရုံမက
predictive text ဟာ လူပေါင်းများစွာ
အသုံးပြုတဲ့အတွက် ပိုပိုကောင်းလာခဲ့တယ်။
ဥပမာ nhm လို့ရိုက်လိုက်တာနဲ့
你好吗? နေကောင်းလားဆိုပြီး
ချက်ချင်းဖြစ်သွားတယ်။
nyqnl လို့အသံထွက် အစ စာလုံးရိုက်လိုက်တာနဲ့
你要去哪里? ဘယ်သွားမလို့လဲ ဆိုဖြစ်သွားတယ်။
ဒါကြောင့် ဒီနေ့ခေတ် တရုတ်စာလေ့လာရင်
ရေးတတ်စရာတောင် မလိုတော့ဘူးလို့
ဟာသအနေနဲ့ ပြောလေ့ရှိတယ်။

ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ App ကတော့
တရုတ်လိုလေ့လာချင်တဲ့ သူတွေအတွက်
Super Chinese လို့ခေါ်တဲ့ AI အသုံးပြုထားတဲ့
App ပဲဖြစ်တယ်။​

Phyo Paing @ Derek

Share Your Idea!​