အသက် ၇၀ လောက်ရောက်ရင်
ကျန်းကျန်းမာမာ အသက်ရှင်နေရတာကို
အောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။
အောင်မြင်မှုအဓိပ္ပာယ်တွေက
အချိန်နဲ့ အမျှပြောင်းသွားလိမ့်မယ်။
ကျောင်းတုန်းက ဆုတွေရတာ၊
ဂုဏ်ထူးတွေထွက်တာအောင်မြင်မှု။
တက္ကသိုလ်ရောက်တော့
ကျောင်းကောင်းကောင်းတက်လို့ရတာအောင်မြင်မှု။
အလုပ်ခွင်ဝင်တော့
အလုပ်ကောင်းကောင်းရတာအောင်မြင်မှု။
ကိုယ်တိုင်လုပ်ငန်းစတော့
အသိအမှတ်ပြု အမြတ်ငွေရ ကြီးထွားတာအောင်မြင်မှု။
အိမ်ထောင်ရေးသာယာ
ကလေးနဲ့ ခွေးနဲ့ ကိုယ်ပိုင်မြေလေးနဲ့ကအောင်မြင်မှု။
အသက်ငါးဆယ်၊ ခြောက်ဆယ်လောက်ကျ
ကိုယ့်သားသမီးတွေရဲ့အောင်မြင်မှုက
ကိုယ့်ရဲ့အောင်မြင်မှု။
အသက် ၇၀ လောက်ရောက်လာတော့
ကျန်းကျန်းမာမာ အသက်ရှင်နေသေးတာကအောင်မြင်မှု။
အသက် ၈၀ ကျော်လာတော့
အသက်ရှင်ပြီး ဘုရား၊ တရားနဲ့နီးနေတာလေးကလဲ
အောင်မြင်မှုဖြစ်နေနိုင်တယ်။
အသက်ထွက်တဲ့အခါ ဘဝကိုပြန်ကြည့်လို့
နောင်တရစရာတွေနည်းနည်းနဲ့
ဂုဏ်ယူစရာတွေ များများကလဲ
အောင်မြင်မှုဖြစ်နိုင်တယ်။
အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။
Phyo Paing @ Derek