လူတွေဟာ မွေးကတည်းပတ်ဝန်းကျင်ရဲ.ထုဆစ်ခြင်းအရ အကြောက်တရားများနှင့် ရှင်သန်ခဲ့ရတယ်။ စာမေးပွဲကျမှာကြောက်တယ်။ Assignment မပြီးမှာကြောက်တယ်။ ဘွဲ.မရမှာကြောက်တယ်။ ဆင်းရဲမှာကြောက်တယ်။ လူတောမတိုးမှာကြောက်တယ်။ Boss က ဆူမှာကြောက်တယ်။
စီးပွားရေးလုပ်ဆောင်ရာမှာ မအောင်မြင်မှာကြောက်တယ်။ ကြီးလာတော့ ရှုံးမှာကြောက်တယ်။ မျက်နှာပျက်မှာကြောက်တယ်။ မွေးကတည်းက ကမ္ဘာကြီးကိုက အကြောက်တရားတွေနဲ. ကျွန်တော်တို့ လူသားတွေကို ထိန်းချုပ်ထားတယ်။
တစ်သက်မှာလူတစ်ခါလာဖြစ်တာ ရက်ပေါင်း သုံးသောင်းလောက်နေရတာ။ အသက်နှစ်ဆယ့်ငါးကျော်ရင် သုံးပုံတစ်ပုံကုန်ပြီ။ အကြောက်တရားတွေနဲ့ နေမှာလား ကိုယ့် ကိုကိုယ်မေးမိတယ်။ ဘဝရဲ.အနှစ်သာရကဘာလည်း?
ဘောင်ခတ်ထားတဲ့အကြောက်တရားတွေ ကင်းဖို့လိုတယ်။
Phyo Paing @ Derek