Passion, Profit, Purpose
ဒီ P သုံးလုံးက လူတစ်ယောက်
ဘဝကို ကောင်းကောင်းပြောင်းလဲစေနိုင်တယ်။
ကိုယ်စိတ်မဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်
အစွမ်းအစက ပြောသလောက်မထွက်ဘူး။
ဒါကြောင့် ကိုယ် passionate ဖြစ်တဲ့
ချစ်တဲ့အလုပ်ကို လုပ်ဖို့လိုတယ်။
ချစ်တဲ့အလုပ်လုပ်ပြီး ငွေကြေးအရ
struggle ဖြစ်နေမယ်ဆိုတာ မဟုတ်သေးဘူး။
ဒီတော့ ကိုယ့် passion ကို profession ပြောင်းပြီး
အမြတ်ငွေထွက်အောင် profit ထွက်အောင်
လုပ်ဖို့လိုတယ်။
နောက်တစ်ခုက purpose ရည်ရွယ်ချက်ပေါ့။
Start with “Why” ဘာ့ကြောင့်ဆိုတဲ့
ရည်ရွယ်ချက်လိုတယ်။
ဒီအချက်က ဘဝမှာ ဒူပေဒါပေခံဖို့
ကူညီပေးတယ်။
ဘဝမှာ အဝေးကို ထွက်ပြေးချင်တဲ့
အချိန်တွေ လူတိုင်းမှာရှိတယ်။
ဘဝကို စိတ်ကုန်တဲ့အချိန်တွေ
အရွဲ့တိုက်ချင်တဲ့အချိန်တွေ
လူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန်
ရှိခဲ့ဖူးကြလိမ့်မယ်။
ဒီလိုအချိန်မျိုးမှာ အကြည်ဓာတ်မပျက်
ရှေ့ဆက်နိုင်ဖို့ ဘဝရဲ့ ရည်ရွယ်ချက်
purpose အရေးကြီးတယ်။
Peak Performance ထိပ်တန်းစွမ်းဆောင်ရည်
အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့
ဒီသုံးခု အရေးကြီးတယ်လို့
ကျွန်တော်ကတော့ ယူဆတယ်။
Phyo Paing @ Derek