Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။

ဖြစ်နိုင်တာတွေကိုပဲ
ဖြစ်အောင်လုပ်တာ ရင်ခုန်ဖို့မကောင်းဘူး။
အရင်လကထက် ၁၀% တိုးတက်ဖို့က
ရင်ခုန်ဖို့ ကောင်းချင်မှ ကောင်းလိမ့်မယ်။
တစ်နှစ်အတွင်း ၁၀ ဆ ဖြစ်ဖို့
အဆ ၁၀၀ ဖြစ်ဖို့က ပိုရင်ခုန်ဖို့
ကောင်းတာ မျိုးဖြစ်တတ်တယ်။

ဒီလို ၁၀ ဆ နဲ့ အဆ ၁၀၀ အထက်
တိုးတက်ဖို့က တွေ့နေကျလူ၊
စဉ်းစားနေကျ အတွေးအခေါ်၊
ရှိနေကျ ယုံကြည်မှုနဲ့
အရိုးစွဲနေတဲ့ ယုံကြည်မှုနဲ့ မရဘူး။
လူတွေရဲ့ သဘာဝအရ
အပြောင်းအလဲ လုပ်ဖို့
ကြောက်တတ်ကြတယ်။

၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။
ဒါကတော့ ကိုယ်တွေးနေကျ၊
လုပ်နေကျ ပုံစံပဲ။

ကိုယ့်ရဲ့ တိုးတက်မှုအတွက်
အတားအဆီးက တခြားသူထက်
ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။

Phyo Paing @ Derek

Share Your Idea!​