ကိုယ်ကအိမ်ကြီးတစ်အိမ်ဆို
တစ်ရက်တာက အုတ်ခဲတွေပဲ။
ကိုယ်တည်ဆောက်ချင်တဲ့
အိမ်ပုံစံပေါ်မူတည်ပြီး
အချိန်တွေကို အသုံးပြုရမှာပဲ။
ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်က
ကိုယ်ပဲ။
တစ်ရက်၊ တစ်လ၊ တစ်နှစ်အတွင်း
သိသိသာသာ ရှိချင်မှရှိလိမ့်မယ်။
ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆို
ဘဝမှာရောက်နေတဲ့ အမြင့်တွေ
တစ်ယောက်နဲ့ တစ်ယောက်
တူချင်မှ တူကြတော့မယ်။
ကိုယ့်ဘဝရဲ့ ဗိသုကာပညာရှင်
ကိုယ့်မှာ အနာဂတ်အမြင်လိုတယ်။
အနာဂတ်အမြင်က အတိတ်ရဲ့
မှတ်ဥာဏ်ထက် ပို ရှင်းနေဖို့လိုတယ်။
လောကမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့သူက
ကိုယ့်ကိုကိုယ် ပဲ။
တစ််ရက်တစ်ရက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့
အချိန်တွေကို ဘယ်လိုသုံးမလဲ
သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။
နူးညံ့တဲ့ စိတ်ခံစားမှုတွေကို
ကိုယ်တွယ်ထိန်းကျောင်းနိုင်ဖို့လိုတယ်။
Phyo Paing @ Derek