စိတ်ခံစားမှုများရင် မဟာဗျူဟာကောင်းတွေ
ထွက်လာဖို့ မလွယ်ဘူး။
အရာရာကို အတတ်နိုင်ဆုံး
စိတ်ခံစားမှု၊ ဘက်လိုက်မှုကင်းကင်းနဲ့
မြင်နိုင်အောင်ကြည့်တယ်။
ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေမည့်
အလုပ် ဘယ်တော့မှ မလုပ်ဘူး။
ကိုယ့်အတွက် အကျိုးမရှိစေမည့်
အတွေးအခေါ် ယုံကြည်မှု
ဘယ်တော့မှ ခေါင်းထဲမထည့်ဘူး။
ဘဝကို ဘယ်လိုဖြစ်ဖြစ်
နေ့စဉ် အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းမယ်။
ကိုယ်ချစ်တဲ့သူတွေ သေသွားနိုင်တယ်၊
ကွဲသွားနိုင်တယ်။
ခြေထောက်ကျိုး၊ မျက်စိကန်းနိုင်တယ်။
ဒါကိုယ်ထိန်းချုပ်လို့မရဘူး။
ထိန်းချုပ်လို့ရတာ ကိုယ်ဘာတွေးလဲ၊
ဘာကို အာရုံစိုက်လဲ၊
ကိုယ်ဘယ်လိုခံစားရသလဲ၊
ကိုယ်ဘာလုပ်မလဲပဲ။
ဘာပဲဖြစ်ဖြစ်
ဘဝကို ဒေါင်ကျကျ ပြားကျကျ
အကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့က
ကိုယ့်တာဝန်ပဲ။
Phyo Paing @ Derek