Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူ

အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူကို
ကွာခြားစေတဲ့အချက်တစ်ချစ်ဆိုရင်
သိတာနဲ့ အသုံးချတာကြားဘယ်လောက်ကြာလဲ
ဒီ speed of implementation လို့ထင်တယ်။

တွေဝေဒွိဟများတဲ့သူတွေက
တွေးကြောက်လိုက်၊ စဥ်းစားလိုက်နဲ့
အတွေးများပြီး ချီတုံချတုံဖြစ်နေတဲ့
analysis paralysis ကတော်တော်ဆိုးတယ်။

လောကမှာ လိုချင်တာရချင်ရင်
လွယ်လွယ်လေး။
အလုပ်ဖြစ်တာ၊ မဖြစ်တာခွဲသိ။
အလုပ်ဖြစ်တာကိုလုပ်။

ဆုံးဖြတ်ချက်ချမယ်ဆို နှစ်ခုကိုအဓိကစဥ်းစားတယ်။
ဘယ်လောက်ဆုံးရှုံးနိုင်လဲဆိုတဲ့ downside risk
ဘယ်လောက်အောင်မြင်နိုင်လဲဆိုတဲ့ upside potential
ဒီ အချက်နှစ်ချက်ပေါ်မူတည်ပြီးပဲ
ဆုံးဖြတ်လိုက်တယ်။

Phyo Paing @ Derek

Share Your Idea!​