J.K. Rowling က Harry Potter နဲ့
အရမ်းအောင်မြင်တော့
သူ့အရေးအသားတွေကြောင့်ပဲ
နာမည်ကြီးတာမျိုးလိုချင်တယ်။
သူ့နာမည်ကြောင့် နာမည်ကြီးတာမျိုး
မဖြစ်ချင်တာကြောင့်
ကလောင်နာမည်အသစ်နဲ့
The Cuckoo’s Calling ဆိုပြီးထုတ်တယ်။
စာအုပ်ဖတ်ပြီးတဲ့ သူတွေက
လက်ကမချချင်လောက်အောင်
အရမ်းကောင်းတယ်လို့ပြောတယ်။
ဒါပေမယ့် ပထမသုံးလမှာ
စာအုပ်ရေ ၁၅၀၀ ပဲရောင်းရတယ်။
တစ်ရက်မှာ အရောင်းရဆုံးစာအုပ်အဖြစ်
ဘိတ်ချီးလောက်ကနေ
Best-seller ဖြစ်သွားတယ်။
ဘာကြောင့်လဲဆိုတော့
သိတဲ့သူတစ်ယောက်က ဒီစာအုပ်ကို
ရေးတဲ့သူက J.K. Rowling ဖြစ်တယ်ဆိုတာ
ဖော်ထုတ်လိုက်လို့ဖြစ်တယ်။
ဒါကြောင့် နာမည်တစ်လုံးတည်ဆောက်ဖို့
အရေးကြီးတယ်။
ဒါကို ငွေကြေးနဲ့ trade-off လုပ်တာ
ရေတိုကို ကြည့်လွန်းရာရောက်တယ်။
နာမည်တည်ဆောက်ဖို့အတွက်
အချိန်တစ်ခုပေးရတယ်။
လူသိဖို့ exposure လိုတယ်။
Social Psychology မှာ ကိုယ့်ကိုပိုတွေ့လေလေ
သဘောကျလေလေတဲ့။
ဒါကြောင့် ကိုယ့်ရဲ့ မလှဘူးထင်တဲ့ရုပ်
မကောင်းဘူးထင်တဲ့ စာတွေ
ကြောက်ပြီး ဖွက်မထားနဲ့။
တင်သာတင်။
တွေ့တာများရင် ရင်းနှီးသဘောကျပြီး
ကိုယ့် customer ဖြစ်လာနိုင်တယ်ဆိုတဲ့
သဘောပဲ။
Exposure increases liking တဲ့။
Phyo Paing @ Derek