လူတိုင်းမှာ ၂၄ နာရီတူတူရှိပေမယ့်
လူတိုင်းရဲ့ ဥာဏ်နှုန်းမြင့်တဲ့
Prime time က မတူကြဘူး။
အဲ့ဒီ ဥာဏ်နှုန်းမြင့်အချိန်က
ကိုယ့်ဘဝ၊ အသက်မွေးဝမ်းကြောင်းအလုပ်၊
စီးပွားရေးအတွက် စနစ်ကောင်းချရမည့်အချိန်ပဲ။
ဒါအချိန်ကို Mechanical Prime Time (MPT) လို့ခေါ်တယ်။
စနစ်ဆိုရင် အလုပ်ရှုပ်တယ်လို့ထင်တတ်ကြတယ်။
အလုပ်ရှုပ်သက်သာအောင် စနစ်ချတာ။
စနစ်က အချိန်အလေအလွင့်ကို ကာကွယ်ပေးတယ်။
စနစ်က စွမ်းဆောင်ရည်ကိုပိုမြင့်စေတယ်။
စနစ်က တီထွင်ဆန်းသစ်မှုကိုပိုကောင်းစေတယ်။
စံနှုန်းရောက်ဖို့ စနစ်ကောင်းလိုတယ်။
ကိုယ့်ရဲ့ တစ်ရက်တစ်ရက်
“ဥာဏ်နှုန်းမြင့်” အချိန်တွေကို
ဖြုန်းတီးတာ နှမြောဖို့ကောင်းတယ်။
လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။
Phyo Paing @ Derek