ကိုယ့်ကိုပေးလိုက်တဲ့ အရာတစ်ခုကို
ကျေးဇူးတင်လေလေ၊
ဒီလို အရာက ကိုယ့်ဘဝထဲ
ပိုရောက်လာလေလေ။
တော်တဲ့သူက ပိုတော်တယ်။
ချမ်းသာတဲ့သူက ပိုချမ်းသာတာတွေ့ကြလိမ့်မယ်။
ကိုယ်သဘောကျတဲ့အရာကို
တစ်ဖက်လူကို သဘောကျကြောင်း
ကျေးဇူးတင်ကြောင်းပြောတဲ့အခါ
ပိုလုပ်ပေးချင်စိတ်များသလို
ကိုယ့်ကိုမသိစိတ်ကိုလဲ
ကျေးဇူးတင်ကြောင်းပြောပေးရတယ်။
တချို့ကလဲ ယူနီဗာ့ကို ကျေးဇူးတင်ကြောင်း
ပြောကြတယ်။
အကြောင်းအရင်းတစ်ခုက
ကိုယ့်ဘဝမှာ ရရှိထားတဲ့
ကိုယ်ကျေနပ်စိတ်တိုင်းကျတဲ့အရာတွေကို
ကျေးဇူးတင်တတ်ဖို့ပါ။
ဒါကို Law of appreciation လို့ခေါ်လိုက်တယ်။
ကိုယ့်ဘဝမှာ ကျေးဇူးတင်တဲ့အရာတွေကို
ချရေးကြည့်ကြည့်ပါ။
နောက် အမြဲစဥ်းစားကြည့်ပါ။
ကျွန်တော့်အနေနဲ့ဆို
ကိုယ်ရူးသွပ်တဲ့ အကြောင်းအရာတွေကို
မျှဝေခွင့်ရတာ ကျေးဇူးတင်တယ်။
ဒီလိုမျှဝေရင်းနဲ့ လုပ်ငန်းတွေတည်ဆောက်လို့ရတာ
ကျေးဇူးတင်မိတယ်။
နောက်ကိုယ့်ကိုနားလည်တဲ့သူတွေ၊
ကူညီဖို့ဆို အသင့်ဆိုတဲ့သူတွေရှိနေတာ
ကျေးဇူးတင်တယ်။
ကိုယ်လိုချင်တာတွေကို မဖြစ်ဖြစ်အောင်လုပ်ပေးတဲ့
ကိုယ့်ကိုယ်ကိုလဲ ကျေးဇူးတင်တယ်။
Law of Attraction
Law of Action နဲ့တွဲတဲ့နောက်
ဥပဒေသတစ်ခုက Law of Appreciation
Phyo Paing @ Derek