လုပ်ငန်းအတွက်
တစ်နှစ်မပြည့်သေးတဲ့ ဝန်ထမ်းတွေရှိမယ်။
တစ်နှစ်ကျော်သွားတဲ့ ဝန်ထမ်းတွေရှိမယ်။
တစ်နှစ်ကျော်ပြီး အလွယ်တကူအစားထိုးလို့မရတဲ့
စွမ်းဆောင်ရည် အလွန်မြင့်တဲ့ ဝန်ထမ်းတွေရှိမယ်။
နောက် ကိုယ့်လုပ်ငန်းရဲ့ အရေးကြီးတဲ့
စီမံခန့်ခွဲတဲ့ ဝန်ထမ်းတွေရှိမယ်။
ဒါကို Top Tier, Tier 1, Tier 2, Tier 3 လို့စဥ်းစားကြည့်။
အရေးဟဲ့ အကြောင်းဟဲဖြစ်လာရင်
ပထမဆုံး ဦးစားပေးက
Top Tier နဲ့ Tier 1 လာမယ်။
ပြီးရင် Tier 2 လာမယ်။
နောက်ဆုံးမှ Tier 3 လာမယ်။
ဒီလိုစဥ်းစားတဲ့အခါ အားလုံးအတွက်လဲ
မျှတနိုင်သလို၊
ဖောက်သည်တွေကို တူရာတူရာစုတဲ့
segmentation လုပ်တာ၊
ကိုယ့်လုပ်ငန်းအတွက် ဝန်ထမ်းတွေကိုလဲ
segmentation နဲ့ profiling လုပ်မှ
အကောင်းဆုံးနဲ့ အမျှတဆုံး
စီမံခန့်ခွဲနိုင်မယ်လို့ထင်တယ်။
Talent acquisition ဝန်ထမ်းတော်၊ ကောင်း
ရှာဖွေခန့်ထားရေး မှာလဲ
ဒီ talent ရဲ့ လိုအပ်ချက်ကိုသေချာသိပြီး
အလုပ်ဒီဇိုင်းကို သေချာလုပ်ပေးနိုင်တယ်ဆိုရင်
ပြဿနာတော်တော်များများကို ကျော်လွှားနိုင်နိုင်တယ်။
အခုက နိုင်ငံရေးခွက် context ကိုကြည့်ပြီး
ကိုယ့် မဟာဗျူဟာကို ရေလို ကျင့်သုံးရတဲ့ ပုံစံမျိုး။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay