ပြဿနာတိုင်းမှာ အဖြေရှိတယ်။
အဖြေမရှိသေးတာ
အဖြေမရှာနိုင်သေးလို့ဖြစ်နိုင်တယ်။
ဘဝကို သင်္ချာပုစ္ဆာတွေဖြေရှင်းရတဲ့
နေရာလိုပဲ မြင်ကြည့်မိတယ်။
လူမှုရေး၊ ပညာရေး၊
အလုပ်အကိုင်နဲ့ စီးပွားရေး၊
ငွေရေးကြေးရေး၊
အချစ်နဲ့ အိမ်ထောင်ရေး၊
စိတ်ငြိမ်းချမ်းရေး။
ပုစ္ဆာကိုဖြေရှင်းဖို့
မေးခွန်းကို သေချာနားလည်၊
ပေးထားချက်ကို ကြည့်ပြီး၊
တွက်နည်းမှန်မှန်နဲ့ ဖြေရှင်းရမှာပဲ။
လူတိုင်း ဖြေရှင်းနေတဲ့ ပုစ္ဆာ
အတိမ်အနက်၊ အခက်အခဲ၊
ရှိထားတဲ့ အရင်းအမြစ် မတူကြဘူး။
Phyo Paing @ Derek