တချို့က ထင်ပေါ်တာကို ကြိုက်တယ်။
တချို့က စင်ပေါ်မှာပဲ နေရတာကိုကြိုက်တယ်။
တချို့က အမြင်မတော်တာကို
ထင်ပေါ်အောင် ထောက်ပြရတာကြိုက်တယ်။
တချို့က ဖန်တီးရတာကြိုက်တယ်။
တချို့က မာန်ဖီးရတာကို ကြိုက်တယ်။
တချို့က အကြံကြီးပြီး သေချာစီမံကိန်းချ
အကောင်အထည်ဖော်ရတာကြိုက်တယ်။
တချို့က ပြင်ပေးချင်တယ်။
တချို့က ဆင်ပေးချင်တယ်။
တချို့က သူများတွေမမြင်တာကို
မြင်ပေးစေချင်တယ်။
လူတွေက မတူကြဘူး။
ကမ္ဘာကြီးကို မြင်တဲ့ အမြင်တွေ
မတူကြသလို၊
ကိုယ်ဘယ်သူလဲ၊
ဘာကိုယုံကြည်လဲ၊
ဘာတွေလုပ်နေလဲ ခံယူချက်တွေ၊
ခံစားချက်တွေ၊
သတ်မှတ်ထားတဲ့ ပုဂ္ဂလိက အောင်မြင်မှုတွေ
မတူကြဘူး။
Phyo Paing @ Derek