ပျော်ရွင်မှုကို အနာဂတ်မှာ
မရှာနဲ့။
ငါတခြား အလုပ်လုပ်ရင်၊
တခြားနိုင်ငံရောက်ရင်၊
ရုံးပိတ်ရက်ရောက်ရင်
ပျော်လိုက်မယ်။
ပျော်ရွင်မှုက အဲ့လိုမလုပ်ဘူး။
ကြည်နူးမှုရချင်ရင်
ဖြစ်ခဲ့တဲ့ အတိတ်မှတ်ဥာဏ်တွေကို
ခဏခဏ တူးဆွခံစား။
ပျော်ရွင်မှုရချင်ရင်
ပစ္စုပ္ပာန်မှာ ကိုယ့်ရဲ့နှာသီးဖျားက
ဝင်လေထွက်လေကို သတိလေးကပ်ကြည့်။
လုပ်နေတဲ့အလုပ်တွေကို သတိလေးကပ်ကြည့်။
ငြိမ်းချမ်းမှု၊ ပျော်ရွင်မှုကိုတွေ့လိမ့်မယ်။
ရင်ခုန်ချင်ရင် အနာဂတ်ရဲ့
အိမ်မက်တွေကို စဥ်းစားကြည့်။
လက်ရှိနဲ့ အနာဂတ်နှိုင်းယှဥ်ရင်
စိတ်ညစ်မှုကိုပဲရမယ်။
ကိုယ်အကောင်းဆုံး ဖြစ်သင့်တာနဲ့
ဖြစ်နေတာနဲ့ကို နှိုင်းယှဥ်ပြီး
ကိုယ့်ကိုယ်ကိုယ် မပြစ်မတင်နဲ့။
အဆိုးဆုံးဖြစ်နိုင်တာနဲ့
လက်ရှိကိုယ်လုပ်ခဲ့တာနဲ့ကို
နှိုင်းယှဥ်ကြည့်။
မဆိုးဘူးဆို ဒါ အိုကေပြီ။
Phyo Paing @ Derek